ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ (စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ) သူရ ဦးအေးမြင့် ရေဦးမြို့နယ် ပါတီအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများပါဝင်သည့် နေပြည်တော် လွှတ်တော်လေ့ လာရေး ခရီးစဉ် အဖွဲ့ဝင်များနှင့် တွေ့ ဆုံ နှုတ်ခွန်းဆက် အမှာစ ကားပြောကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ
(စစ်ကိုင်းတိုင်းဒေ သကြီး တာဝန်ခံ) သူရ ဦးအေးမြင့် သည် ၂၀၁၄ ခုနှစ်၊ မတ်လ
(၅)ရက်၊ နံနက် (၀၈း၁၅) နာရီအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် သင်တန်းကျောင်း ပြည်ထောင်စုခန်းမတွင် ကျင်းပ
သည့် နေပြည်တော် လွှတ်တော်လေ့လာရေး ခရီးစဉ် လာရောက်ကြသော စစ်ကိုင်းတိုင်း
ဒေသကြီး၊ ရေဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလုပ်
အမှုဆောင်ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ ပါဝင် သည့်အဖွဲ့
များအား တွေ့ဆုံနှုတ်ဆက်ခြင်း အခမ်းအနားတွင် အမှာစကားပြောကြား ပြီး
ထောက်ပံ့ငွေများ ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာဝင်းမြင့်အောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)၊ ဦးတင်မြင့် (တန့်ဆည် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်)၊ ဦးသန်းထွန်း (ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်) နှင့် ဗဟိုကော်မတီဝင်များ၊ ရေဦးမြို့နယ်ပါတီမှ လေ့လာရေးအဖွဲ့ဝင် များ စုစုပေါင်း အင်အား (၂၀၀)ဦး တက်ရောက်ကြသည်။
ရေဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နေပြည်တော် လေ့လာရေးခရီးစဉ်တွင် ကျား (၁၆၀)ဦးနှင့် မ(၂၀)ဦး စုစုပေါင်း (၁၈၀)ဦး လိုက်ပါလာပြီး နေပြည်တော် ဗုဒ္ဓဂါယာဘုရားနှင့် ဥပ္ပါတသန္တိ စေတီတော်မြတ် ကြီးအား ဖူးမြော်ကြည်ညို ကြမည်ဖြစ်ပြီး လွှတ်တော်အဆောက်အဦးများ၊ ပါတီဌာနချုပ်နှင့် ၀ဏ္ဏသိဒ္ဓိ အားကစား Complex များကို လေ့လာသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment