Wednesday, March 26, 2014

ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကော် မတီဝင် ဦးမြင့်ဆောင် သည် မတ်လ (၂၄) ရက် နံနက်(၁၁)နာရီ အချိန်တွင် စမ်းချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါ တီရုံး တွင် မြို့နယ်နှင့် ရပ်ကွက် ပါတီကော် မတီဝင်များကို ၂၀၁၅ အောင်နိုင်ရေးအတွက် စည်းရုံးရေးလုပ်ငန်းစဉ်များ အား အသေးစိပ် ရှင်းလင်းဆွေးနွေးခဲ့သည်။


 

ဦးမြင့်ဆောင်မှ ဆွေးနွေရာတွင် ပါတီတွင်း စည်းလုံးညီညွတ်ရန် အရေး ကြီးကြောင်း၊ ပါတီဝင် အင်အားတိုးတက်ရရှိရေးအတွက် တစ်အိမ် တက် ဆင်း (Door to Door)စနစ်ကို ကျင့်သုံးပြီး စည်းရုံးရတော့မည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ကောက်ယူရေး တွင်လည်း မိမိတို့ ပါတီဝင်များ မှ ပြည်သူများ သိလိုသည်များကို ရှင်းပြနိုင်ရန် သန်းခေါင် စာရင်း ကောက် ယူရေးတွင် ပါဝင်သည့် အချက်(၄၁)ချက်ကို သိရှိထား ရန် လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရေးမှူး ဦးဌေးအောင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ပါတီကော်မတီဝင်များ အင်အား (၆၀)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို (၁း၀၀)နာရီ တွင် ပြီး ဆုံးကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top