နင်သာ…….
ငါ့ဆီကိုရှေ့တစ်လှမ်းတိုးရဲတယ်ဆိုရင်
ငါ့ဖက်က နင့်ကိုလက်ခဲဖို့အသင့်ပါ…….
နင်သာ…….
ငါ့လက်ကိုဆုပ်ကိုင်ရဲတယ်ဆိုရင်
ငါ့ဖက်ကနင်ကိုအနမ်းတွေပေးဖို့အသင့်ပါ…….
နင်သာ…….
ငါ့ကိုချစ်ကြောင်း
ဖွင့်ပြောရဲတယ်ဆိုရင်
ငါ့ဖက်က နင့်ကိုချစ်ကြောင်း
အဖြေပေးဖို့အသင့်ပါ…….
နင်သာ ငါ့အတွက်အရာရာအားလုံးကိုစွန့်စားရဲတယ်ဆိုရင်
ငါ့ဖက်က နင့်အတွက်အရာရာအားလုံးကိုစွန့်လွှတ်ဖို့အသင့်ပါ…….
နင်သာ…….
ငါ့ဘ၀တစ်ခုလုံးအတွက်
တာဝန်ယူရဲတယ်ဆိုရင်
ငါ့ဖက်ကဘ၀တစ်ခုလုံးနင့်ဆီပုံအပ်ပေးဖို့အသင့်ပါ…….
အရာရာ အားလုံးဟာ
နင့်အတွက်အသင့်ဖြစ်နေပါပြီ…….
အရာရာ အားလုံးအတွက်
နင်ရင်ဆိုင်ရဲဖို့ပဲ လိုပါတော့တယ်…….
No comments:
Post a Comment