Huawei ဆာဗာထဲကို ၀င်ရောက်သတင်းယူခဲ့သည့် အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ
အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ဟာ တရုတ်တယ်လီကွန်ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Huawei ရဲ့ ဆာဗာထဲကိုဝင်ရောက်ပြီးအကြီးပိုင်းအရာရှိတွေရဲ့ သတင်းအချက်အလက်ကို ရယူခဲ့တယ်ဆိုတဲ့ အချက်ကို New York Times မဂ္ဂဇင်းက သတင်းရေးသားထားတယ်လို့ သိရပါတယ်။
အက်ဒ၀ပ်စနိုဒင်ဖွင့်ချလိုက်တဲ့အချက်အလက်တွေနဲ့ New York Times သတင်းစာရဲ့ ဖော်ပြချက်အရ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ဟာ တရုတ်တယ်လီကွန်ကုမ္ပဏီဖြစ်တဲ့ Huawei ကို စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။
အက်ဒ၀ပ်စနိုဒင်ဖွင့်ချလိုက်တဲ့အချက်အလက်တွေနဲ့ New York Times သတင်းစာရဲ့ ဖော်ပြချက်အရ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ဟာ တရုတ်တယ်လီကွန်ကုမ္ပဏီဖြစ်တဲ့ Huawei ကို စောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။
တိုင်းစ်းသတင်းစာရဲ့သတင်းအရ အမျိုးသားလုံခြုံရေးကောင်စီဟာ Huawei ရဲ့
ထိပ်တန်းအရာရှိတွေဟာ တရုတ်အစိုးရနဲ့ စစ်တပ်နဲ့ ပတ်သက်မှုရှိ၊ မရှိဆိုတာကို
သိဖို့ သက်သေရှာတဲ့အနေနဲ့ Huawei ဆာဗာထဲကို ၀င်ရောက်ခဲ့တာ ဖြစ်တယ်လို့
သိရပါတယ်။
ဒါပေမယ့်ရရှိသွားတဲ့ သတင်းအချက်အလက်တွေကတော့ Huawei နဲ့
တရုတ်အစိုးရကြားမှာ ဘာဆက်နွယ်မှုမှမရှိခဲ့ဘူးလို့ တိုင်းစ်သတင်းစာက ပြောကြား
ထားပါတယ်။ အမျိုးသား လုံခြုံရေးအေဂျင်စီ ဟာ အီရန်၊ အာဖဂန်နစ်္စတန်၊ ကင်ညာနဲ့
ကျူးဘား တို့လိုနိုင်ငံတွေနဲ့ ချိတ်ဆက်ထားတဲ့ Huawei ရဲ့ ကွန်ယက်တွေကိုလည်း
ဝင်ကြည့်ဖို့ စိတ်ဝင်စား နေတယ်လို့သိရပြီး အဲ့ဒီလို နက်ဝက်တွေထဲကို
ဝင်ကြည့်၊ မကြည့်ကတော့ မသိနိုင်ဘူးလို့ တိုင်းမ်စ်က ပြောကြားထားပါတယ်။
အမေရိကန်အခြေစိုက် Huawei အရာရှိဖြစ်တဲ့ ၀ီလီယံပန် မလာကတော့
သီးသန့်လျှို့ဝှက်အနေနဲ့ရှိနေတဲ့ ပုဂ်္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို
ခိုးယူတဲ့ အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့လုပ်ရပ်ကို Huawei က
ရှုတ်ချတယ်လို့ ပြောကြားထားပါတယ်။
အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီနဲ့ အမျိုးသားလုံခြုံရေး
အေဂျင်စီတို့ရဲ့ ပြောခွင့်ရအမျိုးသမီး "ဗန်နီဗိုင်းစ်" ကတော့
တိုင်းမ်စ်ရဲ့သတင်းထုတ်ပြန်ချက်ကို တစ်စုံတစ်ရာ ငြင်းဆိုပြောကြား
ထားခြင်း မရှိဘူးလို့လည်း သိရပါတယ်။
No comments:
Post a Comment