Friday, March 21, 2014

ဘိုင်ယန် အသင်းနှင့် စာချုပ်သက်တမ်း ချုပ်ဆိုလိုက်သည့် ရော်ဘင်

 

ဘိုင်ယန်မြူးနစ်အသင်း ရှေ့တန်း ကစားသမား အာဂျန်ရော်ဘင်သည် ၂၀၁၇ခုနှစ်အထိ သက်တမ်းရှိသော နှစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို အသင်းနှင့် သက်တမ်းတိုး ချုပ်ဆိုလိုက်ကြောင်း သိရသည်။ ၂၀၀၉ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ ပေါင် ၂၄သန်းဖြင့် ဘိုင်ယန်အသင်းသို့ ရောက်ရှိလာခဲ့သည့် အသက်၃၀နှစ် အရွယ်ရှိ ရော်ဘင်သည် ၂၀၁၅ခုနှစ်တွင် လက်ရှိစာချုပ် သက်တမ်း ကုန်ဆုံးမည် ဖြစ်သော်လည်း ယခုအခါ ဘိုင်ယန်အသင်းတွင် အသက်၃၃နှစ် အရွယ်ထိ ရှိနေတော့မည် ဖြစ်သည်။ “ကျွန်တော့်မိသားစု ဘယ်လောက် ပျော်ရွှင်သလဲဆိုတာနဲ့ ဒီမှာရှိနေတာ ကျွန်တော် ခံစားရတာကို ပြောပြနိုင်စရာ မရှိပါဘူး။ ကျွန်တော်တို့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့ရလို့ ကျွန်တော် အရမ်းဝမ်းသာမိပြီး ဘိုင်ယန်အသင်းနဲ့အတူ ဖလားတွေကို ဆက်လက်ရယူဦးမှာပါ”ဟု ရော်ဘင်က ဖွင့်ဟသွားခဲ့သည်။ ၎င်းနယ်သာလန် ကစားသမားသည် ယခုနှစ် ဘောလုံးရာသီတွင် ဘိုင်ယန်အသင်းအတွက် လိဂ်ဂိုး၁၀ဂိုး သွင်းယူထားခဲ့သည်။ ဘိုင်ယန်မြူးနစ် အသင်းဥက္ကဋ္ဌ ကားလ်ဟိန့်ဇ်ရူမန်နီဂီက “အာဂျန်ဟာ ဘိုင်ယန်မြူးနစ် အသင်းအတွက် သူ့ရဲ့ထိုက်တန်မှုကို သက်သေပြခဲ့ပါတယ်။ သူဟာ အသင်းရဲ့ အရေးကြီး အသင်းသား တစ်ဦးဖြစ်ပြီး နောက်လာမယ့် နှစ်တွေမှာ ရှိနေဦးမှာပါ” ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top