ပျောက်ဆုံးလေယာဉ် အိန္ဒိယသ မုဒ္ဒရာအတွင်း
ပျက်ကျခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အတည်ပြု
မလေးရှားဝန်ကြီးချုပ်
နာဂျစ်ရာဇတ်သည် ယနေ့ညပိုင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ ယခုလ ၈ ရက်က
ကွာလာလမ်ပူမြို့မှ ပေကျင်းမြို့သို့ လေယာဉ်ခရီးစဉ်အမှတ် MH 370 အဖြစ်
ထွက်ခွာ သွားသော မလေးရှားလေကြောင်းပိုင်လေယာဉ်သည် အိန္ဒိယ သမုဒ္ဒရာအတွင်း၌
ပျက်ကျခဲ့သည်ဟု အတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
မလေးရှားဝန်ကြီးချုပ်သည်
အင်္ဂလန်နိုင်ငံ အခြေစိုက် လေကြောင်း မတော်တဆမှု စုံစမ်းစစ်ဆေးရေးဌာနမှ ရရှိသော
ဂြိုဟ်တုသတင်းအချက်အလက်များကို ကိုးကားကာ ပျောက်ဆုံးနေသော လေယာဉ် အိန္ဒိယသမုဒ္ဒရာ
အတွင်း၌ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုခဲ့ခြင်းဖြစ်သည်။ ပျက်ကျခဲ့ဖွယ် ရှိသော
နေရာမှာ လက်ရှိအချိန်၌ သြစတြေးလျရေတပ်မှ ရှာဖွေမှုပြုလုပ်နေသော နေရာဖြစ်နိုင်ကြောင်း
သိရသည်။
မလေးရှားဝန်ကြီးချုပ်သည်
ကွာလာလမ်ပူမြို့တွင် ဒေသစံတော်ချိန် ည ၁၀ နာရီခန့်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌
“ကျွန်တော်တို့ထပ်မံရရှိတဲ့ သတင်းအချက်အလက်တွေအရ လေကြောင်းခရီးစဉ် MH370 ဟာ အိန္ဒိယသမုဒ္ဒရာ တစ်နေရာမှာ
ပျက်ကျခဲ့တယ်လို့ အသိပေးချင်ပါတယ်။ လေယာဉ်ပေါ်မှာ ပါရှိသွားတဲ့သူအားလုံးအတွက်
ဝမ်းနည်းမိကြောင်းပြောချင်ပါတယ်” ဟုပြောသည်။ မလေးရှားလေကြောင်း လိုင်းသည်
လေယာဉ်ပေါ်၌ ပါရှိသွားသူများ၏ မိသားစုများထံ လေယာဉ်ပျက်ကျကြောင်း အသိပေးသည့်
မက်ဆေ့ခ်ျများ ပေးပို့ခဲ့သည်ဟု သိရသည်။
No comments:
Post a Comment