Tuesday, March 18, 2014

ပဲရစ်-နိစ် စက်ဘီးစီး ပြိုင်ပွဲမှာ ဘီတန်ကာ အနိုင်ရ ဗိုလ်စွဲတဲ့ သတင်း


 
တနင်္ဂနွေနေ့က ကျင်းပပြီးစီးတဲ့ ပဲရစ်-နိစ် စက်ဘီးစီးပြိုင်ပွဲမှာ ကိုလံဘီယာနိုင်ငံသား ကာလို့စ်ဘ်ီတန်ကာက အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ အဆင့်(၈)ဆင့် ပြိုင်ရတဲ့ ဒီပြိုင်ပွဲမှာ ဘီတန်ကာက အဆင့်အားလုံးပေါင်းမှာ (၃၅)နာရီ(၁၁)မိနစ် (၄၅)စက္ကန့်နဲ့ ချန်ပီယံဆု ရသွားပါတယ်။ ပဲရစ်-နိစ်ပြိုင်ပွဲ သမိုင်းမှာတော့ ဘီတန်ကာဟာ ချန်ပီယံဆုရ ပထမဆုံး ကိုလံဘီယာ နိုင်ငံသားအနေနဲ့ မှတ်တမ်း ၀င်သွားပါတယ်။ သူ့နောက်မှာတော့ ပေါ်တူဂီနိုင်ငံသား ရူအီကော့စတာက (၁၄)စက္ကန့်အကွာနဲ့ ဒုတိယ ရပြီး ပြင်သစ်နိုင်ငံသား အာသာဗီချော့က စက္ကန့်(၂၀)အကွာနဲ့ တတိယ ရပါတယ်။ အာသာဗီချော့ဟာ နောက်ဆုံးနေ့ အဆင့်(၈)ပွဲစဉ်မှာ ပထမ ရသူ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်က ပြင်သစ်နိုင်ငံ နိစ်မြို့အနီးမှာ (၁၂၈)ကီလိုမီတာ ခရီးကို ပြိုင်ရပြီး တောင်တက်ခရီးက (၃)ပုံ(၂)ပုံ ပါဝင်ပါတယ်။ အဲဒီအဆင့်(၈)မှာ အာသာဗီချော့က (၃)နာရီ(၀၆)မိနစ် (၅၆)စက္ကန့်နဲ့ ပထမရပါတယ်။ စပိန်နိုင်ငံသား ဂျို့စ်ဂျိုကွင်းရိုဂျာက စံချိန်တူနဲ့ ဒုတိယရပြီး ပြင်သစ်နိုင်ငံသား ဆိုင်ရယ်ဂေါ်တီယာကလည်း အဲဒီစံချိန်နဲ့ပဲ တတိယ ရပါတယ်။ ပြိုင်ပွဲတစ်ရပ်လုံးရဲ့ ချန်ပီယံ ဘီတန်ကာဟာ အဆင့်လိုက် ပွဲစဉ်(၂)ပွဲမှာ ဗိုလ်စွဲပြီး နောက်ဆုံးနေ့မှာ အဆင့်(၈) ချိတ်ပါတယ်။

No comments:

Post a Comment

back to top