Tuesday, March 18, 2014


စပိန်ကေဘယ်ကုမ္ပဏီကို ၀ယ်ယူလိုက်သည့် ဗိုဒါဖုန်း
လန်ဒန်အခြေစိုက် ဗိုဒါဖုန်း တယ်လီကွန် ကုမ္ပဏီဟာ ဘရော့ဘန်စနစ်သုံး ရုပ်မြင်သံကြား၊ တယ်လီဖုန်းနဲ့ အင်တာနက် ၀န်ဆောင်မှုပေးနေတဲ့ စပိန်နိုင်ငံက အိုနိုကေဘယ်ကုမ္ပဏီကို ယူရို (၇)ဘီလီယံကျော်နဲ့ ၀ယ်ယလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ၀ယ်ယူလိုက်ခြင်းဖြင့် ဗိုဒါဖုန်းဟာ သူ့ရဲ့လုပ်ငန်းတွေကို ဥရောပမှာ ပိုမိုကျယ်ပြန့်လာစေဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
ဗြိတိန်နိုင်ငံ ၊လန်ဒန်မြို့အခြေစိုက် တယ်လီကွန်ကုမ္မဏီဖြစ်တဲ့ ဗိုဒါဖုန်း ဟာ စပိန်နိုင်ငံက အိုနိုကေဘယ် ကုမ္ပဏီကို ယူရို ၇.၂ ဘီလီယံနဲ့ တနင်္လာနေ့က ၀ယ်ယူလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဗိုဒါဖုန်းဟာ အမေရိကန်မှာရှိတဲ့ ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်း  ၁၃၀ နဲ့ရောင်းချပြီးတဲ့နောက်မှာ အခုလိုဝယ်ယူ ခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဝယ်ယူမှုဟာ ဥရောပမှာ အခြေချတဲ့ ဗိုဒါဖုန်းရဲ့နှစ်နှစ်အတွင် တတိယမြောက်ခြေလှမ်း ဖြစ်တယ်လို့လည်းသိပါတယ်။ 

ဗိုဒါဖုန်းဟာ ဥရောပ ကေဘယ်လုပ်ငန်းမှာ သူ့ရဲ့ကွန်ယက်ကို ဖြန့်ကျက်ဖို့ရည်ရွယ်တာကြောင့် အခုလို ၀ယ်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အိုနိုလုပ်ငန်းရှယ်ယာရှင်တွေဟာ လက်ရှိရှိနေတဲ့ အကြွေးတွေ အပါအ၀င် ယူရို ၇.၂ ဘီလီယံနဲ့ ၀ယ်ယူဖို့ ဗိုဒါဖုန်းကို ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ လည်းသိရပါသည်။  

No comments:

Post a Comment

back to top