ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ(ဗဟိုကော်မတီဝင်) ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ရေရှည်ဖွံ့ဖြိုးတိုး တက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး သင်တန်း အမှတ်စဉ် (၁) သင်တန်းပို့ချမည့် နည်းပြဆရာ၊ ဆရာမ များနှင့် တွေ့ဆုံမှာကြား
ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ရခိုင်ပြည် နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ် ခဲ့သော ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ဆင့်ပွား သင်တန်း အမှတ်စဉ် (၁)တွင် နည်းပြများအဖြစ် ဆောင်ရွက်ကြ မည့် နေပြည်တော် ပါတီဌာနချုပ်မှ နည်းပြခေါင်းဆောင် ဦးသန်းထွန်း ဦးစီးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နည်းပြဆရာ၊ ဆရာမတို့အား ပါတီဗဟိုကော်မတီဝင် ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးလှမောင်တင် သည် မတ်လ ၁၇ ရက်နေ့ နံနက်(၈း၃၀)အချိန်က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် တွေဆုံပြီး အားပေးစကား ပြောကြားခဲ့ပါသည်။
သင်တန်းနည်းပြ ခေါင်းဆောင်နှင့် ဆရာ၊ဆရာမ တို့ကလည်း သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟိုကော်မတီဝင် ရခိုင်ပြည်နယ် လွှတ်တော်ဥက်္ကဋ္ဌ ဦးထိန်လင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးသာညွန့်၊ မိမိတို့ပါတီမှ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ပြည်နယ်အတွင်းရေး မှူး ဒေါက်တာစန်းရွှေ (ဗဟိုကော်မတီဝင်) နှင့် ပြည်နယ် တွဲဖက်အတွင်းရေး မှူး ဦးသန်းဝေ (ပါတီဗဟိုကော်မတီဝင်)တို့ ဦးစီးသည့် ပြည်နယ်/ခရိုင် ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

No comments:
Post a Comment