ဝန်ကြီးပဒေသရာဇာ
ညောင်ရမ်းခေတ်သက္ကရာဇ် ၁၀၆၀ ပြည့်နှစ် နန်းတက်သည့် စနေမင်းလက်ထက်မှ တနင်္ဂနွေမင်း၊ မဟာဓမ္မရာဇာဓိပတိမင်း(၃)ဆက်အထိအမှုထမ်းခဲ့သည်။ ၀န်ကြီးပဒေသရာဇာသည် မြန်မာစာပေအလင်းဖြင့် ပြည်သူတို့ကိုမျက်စိဖွင့်ပေးခဲ့သည့် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
စနေမင်းလက်ထက် စုရေးစုကိုင်အဖြစ် အမှုထမ်းရင်း ကဗျာ၊ အလင်္ကာများကို ရေးသားခဲ့သည်။ ၀န်ကြီးသည် သူဇာပျို့၊ မဏိကတ်ပျို့၊ ကျေးဇူးတော်ပျို့၊ ကုမ္မာဆယ်ပျို့၊ ဆန္ဒပျို့၊ ယိုဒယားသံရောက်ပျို့၊ မနောပျို့ကြီးများ၊ ဧချင်များ၊ ပျို့ငယ်များ၊ ၃၇ မင်း၊ နတ်ချင်းများ၊ ဘုန်းတော်ဘွဲ့၊ သီးချင်းကြီးများ၊ ဇာတ်သီးချင်းများ၊ မဏိကက်ပြဇာတ် တို့ကို ရေးသားခဲ့သည်။ ၀န်ကြီး၏ အရေးအသားအဖွဲ့အနွဲ့သည် လူတို့၏ စိတ်ဝယ် အသစ်အဆန်းဖြစ်ရန်နှင့် စာနုစာယဉ်အဖြစ် သက္ကရာဇာ် ၁၁၀၃ ခုနှစ်တွင်ဖွဲ့ဆိုသည့် "သူဇာပျို့ကိုလည်း မပစ်နှင့် စာနုကိုလည်း မချစ်နှင့်" ဟူ၍ ဆိုထုံးပြုခဲ့ရပေသည်။ ဘုရင်မဟာဓမ္မရာဇာ ဓိပတိက အသည်ဝန်ကြီးခန့်အပ်သည်။ စာဆိုမှုလိမ္မာကျွမ်းကျင်လှသဖြင့် ပဒေသရာဇာဘွဲ့များကို ပေးသနားတော်မူပါသည်။
ထိုခေတ်ထိုအခါက နန်းတွင်းစာဆိုများ၏ စာတို့မှာ ဘုန်းတော်ဘွဲ့၊ မြို့ဘွဲ့ကြီးများကိုသာ ကဗျာလင်္ကာ တေးသီကြ သည်။ ရွှေနန်းတော်အပြင်ဘက် လယ်ယာလယုပ်သား ဆင်းရဲသားများအကြောင်း ကဗျာ၊ လင်္ကာ မဖွဲ့ခဲ့ပါ။
ဝန်ကြီး ပဒေသရာဇာ၏ " လယ်သမားဘွဲ့၊ " ထန်းတက်သမား၊ "ဆင်ဖမ်းလုပ်သား"၊ "လှေထိုးသား" တျာချင်းများ သည် ဒုတိယအင်းဝခေတ်နှောင်းလုပ်သားပြည်သူများ၏ လူနေမှုဘ၀ကို ထင်ဟပ်ပြစေသည်။ ဘုန်းတော်ဘွဲ့၊ တောင်းတော်ငြိမ့်၊ စိတ်တော်သိပဒေသရာဇ်အုပ်စိုးမှုနယ်ပယ်မှ ပြည်သူထဲသို့ ကွင်းဆင်းကြည့် သည့်လယ်သမားတို့၏ ဘ၀ကို ရွှေနန်းရှင်တို့သိရှိစေရန် သူ့ခေတ်သူ့အခါက ရေးဖွဲပသည့်စာမှာ ယနေ့ထက်တိုင် ခေတ်မီသစ်လွင်နေသေးသည့် စာပေတစ်ရပ်ဖြစ်ပါသည်။
ဝန်ကြီးပဒေသရာဇာသည် ဘုရင်မဟာဓမ္မရာဇာဓိပတိနှင့် အတူ အင်းဝနန်းမှာခွာ၍ ဟံသာဝတီသို့ရောက်ရသည်။ သက္ကရာဇ် ၁၁၁၆ ခုနှစ် အသက် (၇၀) ပြည့်တွင် သန်လျင်၌ အနိစ္စရောက်သည်။
No comments:
Post a Comment