ဒုံးကျည်စမ်းသပ်မှုများ မြောက်ကိုရီးယားထပ်မံပြုလုပ်
မြောက်ကိုရီးယားနိုင်ငံသည်
ယမန်နေ့က ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ၁၆ ကြိမ်ခန့် ထပ်မံပြုလုပ်ခဲ့ သည်ဟု
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ကြောင်း ဘီဘီစီသတင်းဌာနက
ယနေ့ဖော်ပြသည်။
တောင်ကိုရီးယား
ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် မြောက်ကိုရီးယားသည်
ယမန်နေ့နံနက်ပိုင်းက တာတိုပစ်ဒုံးကျည် အစင်း ၃၀ ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ၊
ယမန်နေ့ညနေ ပိုင်းတွင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ၁၆ ကြိမ်ခန့် ထပ်မံပစ်လွှတ်ခဲ့ကြောင်း၊
ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်များထဲတွင် ကီလိုမီတာ ၁၀၀ နီးပါး
ရောက်ရှိနိုင်သော တာလတ်ပစ် ဒုံးကျည်များ ပါဝင် ခဲ့ကြောင်း ဖော်ပြသည်။
No comments:
Post a Comment