Wednesday, March 19, 2014



မကြာမီ အချိန်အတွင်းမှာ အပြိုင်အဆိုင်နှင့် ထွက်ပေါ်လာနိုင်သည့် အန်းဒရိုက် လက်ပတ်နာရီများ

နည်းပညာကုမ္ပဏီ အများစုဟာ မကြာမီအချိန်အတွင်းမှာ စမတ်ဝက်ခ်ျလို့ခေါ်တဲ့ အန်းဒရိုက်စနစ်သုံး လက်ပတ်နာရီတွေကို အပြိုင်အဆိုင်ထုတ်လုပ်ရောင်းချတော့မယ်လို့ သိရပါ တယ်။ ဒီလိုထုတ်လုပ်မယ့် နည်းပညာ ကုမ္ပဏီတွေထဲမှာ Apple လည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

အိုင်ဖုန်းတွေကို ထုတ်လုပ်နေတဲ့ Apple ဟာ ဒီနှစ်ကုန်ပိုင်းမှာ သူ့ကိုယ်ပိုင်နည်းပညာသုံး smartwatch အပါအ၀င် အခြားထုတ်ကုန်တွေကိုလည်း တီထွင်ရောင်းချတော့မှာဖြစ်တယ်လို့ Apple ရဲ့အမှုဆောင်အရာ ရှိချုပ် တင်ကွတ်ကပြော ကြားပါတယ်။ ဒါ့အပြင် အင်တာနက်ရှာဖွေရေးအင်ဂျင်တစ်ခုဖြစ်တဲ့ Google ကလည်း အားကစားရလာဒ်တွေ၊တေးဂီတ ကိုထိန်းချုပ်နိုင်တာတွေ ၊စာတိုမက်ဆေ့တွေနဲ့ ကားဂိုထောင် ကိုတောင်ဖွင့်နိုင်တဲ့လုပ်ဆောင်ချက်တွေပါဝင်တဲ့ smartwatch ဗီဒီယိုဖိုင်တစ်ခုကို အင်္ဂါနေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။
LG electronics ကလည်း G Watch လို့ခေါ်တဲ့ smartwatch လတ်ပတ်နာရီတစ်မျိုးကို ဒီနှစ်လယ်လောက်မှာ ထုတ်ဖော်ပြသမှာဖြစ်တယ်လို့ပြောကြားထားပါတယ်။ Motorola ကလည်း Moto 360 လို့ခေါ်တဲ့ Android လက်ပတ်နာရီတစ်မျိုးကို လာမယ့် လေးလအတွင်းမှာရရှိနိုင်မှာဖြစ် တယ်လို့ ပြောကြားထားပါတယ်။ smartwatch လို့ခေါ်တဲ့ အန်းဒရိုက်နည်းပညာသုံး လက်ပတ်နာရီ အမျိုးအစားကို Samsung က the Galaxy Gear ဆိုတဲ့နာမည် နဲ့ ဈေးကွက် အတွင်း ကို ဖြန့်ချိခဲ့ပြီးဖြစ်ပါတယ်။ smartwatch နာရီတွေရဲ့ အောင်မြင်မှုဟာ နာရီဈေးနှုန်း ၊ဘက်ထရီ သက်တမ်း နဲ့ နာရီရဲ့ဒီဇိုင်းတွေအပေါ်မှာ မူတည်တယ်လို့ နည်းပညာရှင်တွေက သုံးသပ်ထားပါသည်။

No comments:

Post a Comment

back to top