Monday, March 24, 2014


အိန္ဒိယ သမုဒ္ဒရာတွင်း ပျောက်ဆုံးလျှက်ရှိသော လေယာဉ် အပိုင်း အစများ ရှာဖွေရန် NASA ပါဝင်လာ
ယခုအခါ အမှတ် ၃၇၀ မလေးရှား လေယာဉ် ပျောက်ဆုံးမှုသည် သီတင်းပတ် (၂) ခု တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ၊ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် လေယာဉ်ပျက်၏ အပိုင်းအစများဟု ယူဆရသော အစိတ်အပိုင်းများကို နိုင်ငံတကာမှ ရှာဖွေလျှက်ရှိရာ ရှာဖွေရေး လုပ်ငန်းစဉ်များကို အထောက်အပံ့ပေးရန် ၄င်းအနေဖြင့် ပါဝင်လာခြင်း ဖြစ်ကြောင်း NASA မှ ပြောကြားခဲ့သည်။
အေဂျင်စီသည် လွန်ခဲ့သော သီတင်းပတ်က စတင်ကာ ရှာဖွေမှုတွင် ပါဝင်လာပြီး ၊ အာကာသနှင့် ဘေး အန္တရာယ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်စတင် အသက်ဝင်လာသည့် အချိန် အမေရိကန်နိုင်ငံ ဘူမိဗေဒ စစ်တန်းကောက်ယူရေး အဖွဲ့၏ သတင်း အချက်အလက်များ ဝေငှဖြန့်ဖြူးခြင်း ကို အကူအညီပေးသော ကမ္ဘာ့သယံဇာတ အရင်းအမြစ်များ လေ့လာခြင်းနှင့် သိပ္ပံဆိုင်ရာ အန္တရာယ် ကျရောက်မှု အချက်အလက် ဖြန့်ဖြူးရေး စနစ်သို့ အချက်အလက်များ ပေးပို့ပေးလျှက် ရှိသည်။ အဆိုပါ သဘောတူညီမှုအား မတ်လ (၁၁) ရက်နေ့က တရုတ်နိုင်ငံမှ စတင် အသက်သွင်းခဲ့ပြီး “သဘာဝ သို့မဟုတ် နည်းပညာဆိုင်ရာ အန္တရာယ် ကျရောက်မှု”တွင် အကူအညီပေးနိုင်ရန် အဖွဲ့ဝင် (၁၅) ခုမှ အာကာသဆိုင်ရာ အချက်အလက်များ စာရင်းသွင်းခဲ့ကြောင်း CNET.com တွင် ဖော်ပြခဲ့သည်။

No comments:

Post a Comment

back to top