ယူကရိန်းနှင့် ရုရှားကို တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ တိုက်တွန်းလိုက် သည့် ဘန်ကီမွန်း
ခရိုင်မီးယား
အရေးကိစ္စနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံကို အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေ က အရေးယူပိတ်ဆို့မှုတွေလည်း
ပြုလုပ်နေတာကြောင့်ခရိုင်မီးယားဒေသ
အရေးကိစ္စနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့ ယူကရိန်းနဲ့ ရုရှားနှစ်နိုင်ငံကို
ကုလသမဂ်္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ တိုက်တွန်းလိုက်တယ်လို့
သိရပါတယ်။
ကုလသမဂ္ဂအထွေထွေ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံနဲ့ တွေ့ ဆုံဆွေးနွေးပွဲ
ပြုလုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ဘန်ကီမွန်းဟာ သောကြာနေ့က ယူကရိန်းသမ္မတ
" အိုလက်စန်္ဒြာတူချာနော့ " နဲ့ ကိဗ်မြို့မှာ တွေ့ဆုံခဲ့သလို ရုရှားသမ္မတ
" ဗလာဒီမာ ပူတင် " နဲ့လည်း မြို့တော် မော်စကိုမှာ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။
သောကြာနေ့က ရုရှားနိုင်ငံက ခရိုင်မီးယားကို ရုရှားနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်
ထည့်သွင်းဖို့ လုပ်ဆောင် ရမယ့် ကိစ္စရပ်တွေအားလုံးကို လုပ်ဆောင်ပြီးပြီလို့ ကြေညာခဲ့ပါတယ်။
ယူကရိန်းသမ္မတကလည်း
ခရိုင်မီးယားကို ရုရှားနိုင်ငံရဲ့ နယ်မြေတစ်ခုအဖြစ် သတ်မှတ်ဖို့ကိစ္စကို လုံးဝ လက်မခံကြောင်းနဲ့
ယူကရိန်းနိုင်ငံအနေနဲ့ ရုရှားနဲ့ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးပွဲအတွက် အဆင်သင့် ပါပဲလို့
ပြောကြား ခဲ့ပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲရဲ့ အဓိကဆွေးနွေးရမယ့် အကြောင်းအရာကတော့ ယူကရိန်း
နယ်မြေထဲက ရုရှားတပ်တွေကို ဆုတ်ခွာပေးရမယ့် ကိစ္စတွေကိုပဲ ဆွေးနွေး မယ်လို့ ပြောကြားခဲ့ပါတယ်
။ အဲဒါကြောင့် ဘန်ကီမွန်းက ယူကရိန်းနဲ့ ရုရှားနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲဟာ အရေးကြီးကြောင်းနဲ့
ပွင့်လင်းမြင်သာပြီး အပြုသဘောဆောင်တဲ့ စကားလုံးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ကြဖို့ တိုက်တွန်း
ခဲ့ကြောင်း သိရပါသည်။

No comments:
Post a Comment