Viber ကို
ဝယ်ယူလိုက်သည့် ဂျပန်အွန်လိုင်း ရောင်းဝယ်ရေး လုပ်ငန်းကြီး
e-bay
နဲ့ Amazon တို့လို အင်တာနက် အွန်လိုင်းရောင်းဝယ်ရေး လုပ်ငန်းဖြစ်တဲ့ ဂျပန်နိုင်ငံက
ရာခူတန်လုပ်ငန်းစုဟာ မက်ဆေ့ဝန်ဆောင်မှုတွေကိုထောက်ပံ့ပေးနေတဲ့
Viber ကို ၀ယ်ယူ လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ဂျပန်နိုင်ငံ ရဲ့ အင်တာနက်အွန်လိုင်း
ရောင်းဝယ်ရေး လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ ရာခူတန် လုပ်ငန်းပိုင်ရှင်သူဋ္ဌေး ဟီရိုရှီ မိခီတာနီဟာ
မက်ဆေ့အပလီကေး ရှင်းတွေကို ထောက်ပံ့ပေးနေတဲ့ Viber Media လုပ်ငန်းကို အမေရိကန် ဒေါ်လာသန်း
၉၀၀ နဲ့ဝယ်ယူ လိုက်ပြီလို့သိရပါတယ်။
အခုလို ၀ယ်ယူလိုက်ခြင်းအားဖြင့်
လက်ရှိအသုံးပြုနေတဲ့ ရာခူတန်အသုံးပြုသူ သန်း ၂၀၀ အပြင် နောက်ထပ် သန်း ၃၀၀ ထပ်တိုးလာမှာ
ဖြစ်တယ်လို့ သိရပါတယ်။ မစ္စတာ မီခီတာနီက သူတို့တစ်ဦးတည်းနဲ့ မက်ဆေ့စနစ်ဖွံ့ဖြိုးအောင်လုပ်ဖို့
မဖြစ်နိုင်တာကြောင့် viber ကိုဝယ်ယူ လိုက်တာဖြစ်တယ် လို့ ပြောကြားထားပါတယ်။ အခုလို
viber ကိုဝယ်ယူလိုက်ခြင်းဖြင့် ရာခူတန် အွန်လိုင်းရောင်းဝယ်မှု အင်တာနက်စာမျက်နှာ
ကိုအသုံးပြုသူတွေဟာ အွန်လိုင်းကနေ ပစ္စည်းဝယ်ယူဖို့ စီစဉ်နေတုန်းမှာ သိချင်တဲ့
အချက်အလက်တွေကို Viber ကိုအသုံးပြုပြီးစုံစမ်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင်
ရာခူတန်ဟာ viber ကိုဝယ်ယူလိုက်ခြင်းဖြင့် သုံးစွဲသူတွေရဲ့ အသံကိုကြားနိုင်ဖို့ ရည်ရွယ်ထား တယ်လို့
သိရပါတယ်။ ရာခူတန်လုပ်ငန်းရဲ့ အင်တာနက်အွန်လိုင်း ရောင်းဝယ်ရေး စာမျက်နှာ ဖြစ်တဲ့ ရာခူတန်အီချီဘာဟာ
ကမ္ဘာပေါ်က အင်တာနက် အွန်လိုင်းရောင်းဝယ်မှု အမြင့်ဆုံးမှာ အဆင့် ၆ နေရာမှာ ရှိနေတယ်လို့
သိရပါသည်။
No comments:
Post a Comment