ခရိုင်းမီးယားအရေး ကမ္ဘာစစ်ဖြစ်နိုင်ကြောင်း
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ရုရှားကိုသတိပေး
ခရိုင်းမီးယားဒေသတွင် အမျိုးသားရေးစိတ်ဓာတ်
ပြင်းထန်သော ရောဂါဖြစ်လာခြင်းသည် ဒုတိယကမ္ဘာစစ် မတိုင်မီက အနေအထားနှင့် တူနေကြောင်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယူကရိန်း အကျပ်အတည်းနှင့် ပတ်သက်ပြီး ရုရှားကို သတိပေးပြောကြားလိုက်သည်။
အမျိုးသားရေး စိတ်ဓာတ်ပြင်း ထန်သော ရောဂါသည် အလွန့်အလွန် အန္တရာယ်များသော ပြဿနာဖြစ်လာနိုင်ကြောင်း၊
အသင်းတို့ အားလုံးသည် နောက်ကြောင်းပြန်လှည့်ပြီး ဒုတိယကမ္ဘာစစ်ကို ဦးဆောင်သည် သမိုင်းကြောင်းကို
ဖတ်ရှုနေကြကြောင်း ဂျွန်ကယ်ရီက မတ် ၁၈ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးရုံး ၌ ပြောကြားလိုက်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ခရိုင်းမီးယားကို
ရုရှားနိုင်ငံအတွင်း သွပ်သွင်းရန် ကြိုးစား မှုသည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊
၎င်း၏ လုပ်ရပ်များ အခြေအနေဆိုး ရွားလာနိုင်ကြောင်း အမေရိကန် ထိပ်တန်းသံတမန်က ပြောကြားလိုက်သည်။ ခရိုင်းမီးယားဒေသခံပြည် သူများက လူထုဆန္ဒခံယူပွဲ ပြုလုပ်၍ ရုရှားနှင့်ပူးပေါင်းရန် ကြိုးပမ်းခဲ့ခြင်းအပေါ်
ဂျွန်ကယ်ရီက တုံ့ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။ ခရိုင်းမီးယားပြည်သူ ၉၇ ရာခိုင်နှုန်းက
မတ် ၁၆ ရက်တွင် ယူကရိန်းမှ ခွဲထွက်ပြီး ရုရှားနှင့်ပူးပေါင်းရန် ဆန္ဒမဲပေးခဲ့ကြသည်။
မော်စကိုက ခရိုင်းမီးယားဒေသတွင် ၎င်း၏ တပ်များဖြန့်ကြက်ရန် ဆုံးဖြတ်လိုက်ပြီး တကည်းက အမေရိကန်နှင့်
၎င်း၏အနောက်အုပ်စု မဟာမိတ်နိုင်ငံ များမှာ ရုရှားနှင့်အဆင်မပြေဖြစ်ခဲ့သည်။
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကလည်း
အဆိုပါ အကျပ်အတည်းနှင့်ပတ်သက်၍ ရုရှားကို အရေးယူမှုများ ပိုမိုပြုလုပ်သွားမည်ဟုဆိုသည်။ ကရိုင်းမီးယားနှင့် ရုရှားပူးပေါင်းခြင်း သည် မော်စကို က နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး
မြေလုခြင်းဖြစ်ကြောင်း အမေရိကန်ဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က မတ် ၁၈ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။
No comments:
Post a Comment