Thursday, March 20, 2014


ဈေးနှုန်းချိုသော iPhone 5c မိုဒယ်သစ်များဖြန့်ချိမည်
Apple ကုမ္ပဏီသည် ဈေးနှုန်းချိုသော iPhone 5c မိုဒယ်သစ်များ ဖြန့်ချိရန် စီစဉ်နေသည်ဟု cNet ၀က်ဘ်ဆိုက်က ယနေ့ဖော်ပြသည်။ Apple မှ ဖြန့်ချိရန်စီစသ်နေသော iPhone 5c မိုဒယ်သစ်မှာ 8GB Version မိုဒယ်ဖြစ်ပြီး ယမန်နှစ်က ဈေးကွက်တင်ခဲ့သော iPhone 5c မိုဒယ်များတွင် ပါဝင်ခဲ့သော သိုလှောင်မှု ပမာဏ၏ ထက်ဝက်ခန့်သာ ထည့်သွင်းထားသည့် မိုဒယ်သစ်ဖြစ်သည်ဟု သိရသည်။


အဆိုပါ မိုဒယ်သစ်ကို Appleက အမေရိကန်ဒေါ်လာ ၇၁၂ ဒေါ်လာနှင့် ရောင်းချရန် စီစဉ်ထားသောကြောင့် ဈေးနှုန်း ချိုသောမိုဒယ်မျိုးအဖြစ် သတ်မှတ်ရန် လွယ်ကူမည်မဟုတ်ကြောင်း၊ လာမည့်ဧပြီလကုန်ပိုင်းတွင် ၎င်း မိုဒယ်သစ်ကို ဈေးကွက်တင်ဖွယ်ရှိကြောင်း cNet က ဖော်ပြသည်။

No comments:

Post a Comment

back to top