Huawei ကုမ္ပဏီမှ ဆာဗာများအား NSA အဖွဲ့  ဝင်ရောက် ထောက် လှမ်းခဲ့
အမေရိကန် အမျိုးသား လုံခြုံရေး
အေဂျင်စီသည် တရုတ် နိုင်ငံ၏ အကြီးဆုံး တယ်လီကွန် ကုမ္ပဏီ တစ်ခုဖြစ်သော Huawei
နည်းပညာ ကုမ္ပဏီ ရုံးချုပ်ရှိ ဆာဗာများ အတွင်းသို့ ဝင်ရောက် ထောက်လှမ်းခဲ့ပြီး
၎င်းရုံးချုပ်မှ ထိပ်တန်းအလုပ် အမှုဆောင် အရာရှိ များ၏ ဆက်သွယ်ရေး
လမ်းကြောင်းများနှင့် သတင်း အချက်အလက် များကို ရယူခဲ့ကြောင်း နယူးယောက်တိုင်းမ်
သတင်းစာတွင် မတ် ၂၂ ရက်က ဖော်ပြထားသည်။
အဆိုပါ ထောက်လှမ်းမှု အစီအစဉ်ကို
Shotgiant ဟု လျှို့ဝှက်အမည် ပေးထားပြီး Huawei ကုမ္ပဏီနှင့် တရုတ်ပြည်သူ့
လွတ်မြောက်ရေး တပ်မတော် အကြား ဆက်သွယ် လုပ်ဆောင်ခြင်း ရှိ၊ မရှိနှင့် ပတ်သက်သည့်
သတင်း အချက်အလက် များကို ဝင်ရောက် ထောက်လှမ်းသွားရန် ရည်ရွယ်ထားကြောင်း
၎င်းသတင်းစာတွင် ဆက်လက် ဖော်ပြ ထားသည်။
ယင်းထောက်လှမ်းမှု အစီအစဉ်သည်
Huawei ကုမ္ပဏီ၏ နည်းပညာများကို အသုံးချမည့် ကြိုးပမ်းမှု ဖြစ်သလို ၎င်းကုမ္ပဏီမှ အခြား
နိုင်ငံများသို့ ရောင်းချထားသော ကွန်ပျူတာနှင့် တယ်လီဖုန်း ကွန်ရက်များကို လေ့လာ
စောင့်ကြည့်သွားမည့် အစီအစဉ် ဖြစ်ကြောင်း၊ အမေရိကန် သမ္မတထံမှ အမိန့် ထုတ်ပြန်ချက်
ရရှိခဲ့မည် ဆိုပါက NSA သည် ဆိုက်ဘာ တိုက်ခိုက်မှုများကို ပြုလုပ်သွားရန်
စီစဉ်ထားကြောင်း ၎င်းသတင်းစာတွင် ထပ်မံဖော်ပြ ထားသည်။
No comments:
Post a Comment