Tuesday, March 25, 2014



ဂီနီ၌ အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့ အနည်းဆုံး ၅၉ ဦးသေဆုံး
ဂီနီနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် လူပေါင်း ၅၉ ဦး သေဆုံးခဲ့ပြီး မြို့တော်ကိုနာခရိုင်းသို့ ပျံ့နှံ့ရောက်ရှိလာကြောင်း ကုလသမဂ္ဂကလေးများ အေဂျင်စီက သတိပေးပြောကြားသည်။အဆိုပါ ရောဂါမှာ ဂီနီတောင်ပိုင်းမှ လျင်မြစ်စွာ ပျံ့နှံ့လာကြောင်း ယူနီဆက်က ပြောကြားသည်။ ပြီးခဲ့သည့်လက စတင်ဖြစ်ပွား ခဲ့သော ယင်းရောဂါသည် ဆိုးရွားစွာ ပျံ့နှံ့လာကြောင်း၊ ကုသမှုနှင့် ထိုးဆေးလည်းမရှိကြောင်း ကုလသမဂ္ဂ က ပြောသည်။ ယင်းရောဂါသည် ရောဂါဖြစ်ပွားသူနှင့် ထိကိုင်မိရုံမျှနှင့် ရောဂါကူးစက်နိုင်ပြီး ကူးစက်ခံရသူ ၂၅ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းကြားမှာ သေဆုံးကြရသည်ဟု ဆိုသည်။
ယင်းရောဂါမှာ သွေးများအလွန်ထွက်ခြင်း၊ ၀မ်းလျှောခြင်း၊ ပျို့အန်ခြင်းစသည့် ရောဂါ လက္ခဏာ များ ဖြစ်ပွားတတ်သည်။အာဖရိက အနောက်ပိုင်းနိုင်ငံ တစ်ဝန်းအီဘိုလာရောဂါပိုး ထိကိုင်မိသူ ၈၀ အနက် အနည်းဆုံး ၅၉ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းအေဂျင်စီက ဖော်ပြသည်။

No comments:

Post a Comment

back to top