Tuesday, March 25, 2014


ဝါရှင်တန် မြေပြိုမှု၌ သေဆုံးသေူဦးရေ မြင့်တက်
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်၌ ဧရာမ မြေပြိုမှုကြီး တစ်ရပ်ဖြစ်ပွားရာတွင် ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် ၎င်းအပြိုအပျက်များကြားမှ မတ် ၂၂ ရက်က အလောင်းသုံးလောင်း တွေ့ရှိခဲ့ပြီး မတ် ၂၃ ရက်တွင် အလောင်းငါးလောင်း ထပ်မံတွေ့ရှိခဲ့ရာ သေဆုံးသူ ရှစ်ဦးရှိခဲ့ပြီဖြစ်ကြောင်း ဘီဘီစီ က ဖော်ပြခဲ့သည်။
ဖြစ်စဉ်မှာ ဆီယက်တယ်မြောက်ဘက် ၉၀ ကီလိုမီတာအကွာ အိုဆိုမြို့အနီး၌ ၅၄ မီတာ (၁၇၇ ပေ) အနက်ရှိ မြေပြိုမှုကြောင့် အိမ်အလုံး ၃၀ ပျက်စီးခဲ့သည်။ အစိုးရက ယင်းအပျက်အစီး များကြား ၌ ပျောက်ဆုံးသူများ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့သော်လည်း ကယ်ဆယ်ရေးအဖွဲ့များကမူ အသက်ရှင် ကျန်ရစ်သည့် မည်သည့်အရိပ်အယောင်မျှ မတွေ့ရ၊ မကြားရကြောင်း ပြောသည်။ ကယ်ဆယ်ရေး အဖွဲ့များသည် အခင်းဖြစ်ရာ နေရာတွင် ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေဆဲဖြစ်သည်။
မျက်မြင်သက်သေ တစ်ဦးက လမ်းမပေါ်တွင် အမှောင်ထုကြီး တစ်လိပ်လိပ် တက်လာသည် ကို မြင်ခဲ့ရကြောင်း၊ အရာအားလုံးသည် သုံးစက္ကန့်အတွင်းဖြစ်ပျက် သွားခဲ့ကြောင်း ပြောသည်။
ယင်းမြေပြိုမှုသည် ဒါရင်တန်မြို့ သွားရာလမ်းကို ပိတ်ဆို့နေရုံမက စတီလာဂွာမြစ်၏ မြောက်ဘက်မြစ်ဆုံ ပိုင်းတွင်လည်း ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရာ ၎င်းကို အချိန်မီ မဖယ်ရှားနိုင်ပါက နောက်ဆက်တွဲအဖြစ် ကြီးမားသော ရေလွှမ်းမှုဖြစ်ပွားနိုင်သည်။
မြေပြိုကျမှုဖြစ်ပွားရခြင်းမှာ ၀ါရှင်တန်၌ မတ် ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး ၎င်းဒေသရှိ မိသားစုအချို့ကို ကုန်းမြင့်ဒေသများသို့ ရွှေ့ပြောင်းနေထိုင်ရန် အကြံပြု တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောသည်။

No comments:

Post a Comment

back to top