Tuesday, March 25, 2014


Sony Xperia Z2ကိုအမေရိကန်ဒေါ်လာ ၃၉၉ ဒေါ်လာဖြင့် ရောင်းမည်
Sony ကုမ္ပဏီမှ ဈေးကွက်တင်တော့မည့် နောက်ဆုံးထုတ် Tablet ဖြစ်သော Xperia Z2 ကို အခြေခံရောင်းဈေး အမေရိကန် ၃၉၉ ဒေါ်လာသတ်မှတ်ထားသည်ဟု Techreadar ၀က်ဘ်ဆိုက်က ယနေ့ဖော်ပြသည်။ အမေရိကန်နိုင်ငံဒေါ်လာ ၃၉၉ ဒေါ်လာဖြင့် ရောင်းချမည့်မိုဒယ်မှာ 16CB Wi-Fi Only မိုဒယ်ဖြစ်သည်ဟု သိရသည်။


4G Version ကိုမူ အမေရိကန်ဒေါ်လာ ၄၄၉ ဒေါ်လာဖြင့် ရောင်းချ သွားမည်ဟု Sony ကုမ္ပဏီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Xperia Z2 တွင် Snagdragon 801 Quad-Core Processor တပ်ဆင်ထားပြီး Internal Memory ပမာဏ 3GB ပါရှိသည်။ Sony ကုမ္ပဏီသည် ယခုနှစ်အတွင်း xperia Z2 တစ်သန်းကျော်ရောင်းချရန် ရည်မှန်းထားသည်ဟု သိရသည်။

No comments:

Post a Comment

back to top