နယ်သာလန်ရှိ အန်းဖရန့်ပြတိုက်သို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာအေး သွားရောက်
လွန်ခဲ့သည် ရက်သတ္တပတ်များအတွင်းက
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အန်းဖရန့်၏ နေ့စဉ်မှတ်တမ်း အမည်ရှိ ကျော်ကြားသည့်
စာအုပ်ပေါင်း ၃၀၀ ခန့်ကို လူရမ်းကားများက ဖျက်ဆီးမှုဖြစ်ပွားခဲ့ပြီးနောက် မတ် ၂၄
ရက်တွင် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ရှိ အန်းဖရန့်အထိမ်းအမှတ်ပြတိုက်သို့
ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သွားရောက်ခဲ့ကြောင်း ယနေ့ဘီဘီသတင်းတွင် ဖော်ပြသည်။အန်းဖရန့်
အထိမ်း အမှတ်ပြတိုက်သို့ မိမိသွားရောက်ခြင်းသည် နိုင်ငံတကာ အသိုင်းအ၀န်းအတွင်း ငြိမ်းချမ်းမှု
ရရှိရေးအတွက် တွန်းအားပေးလုပ်ဆောင်ချက်ဖြစ်ကြောင်း အာဘေးက ပြောကြားသည်။
ဒုတိယကမ္ဘာ့စစ်အတွင်းက
စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည့် ဂျပန်စစ်အရာရှိများအား မြှုပ်နှံထားသည်ဟု
စွပ်စွဲခံရသည့် တိုကျိုမြို့မှ ယာဆူကူနီဗိမာန်သို့ ယမန်နှစ် ဒီဇင်ဘာလအတွင်းက
သွားရောက်ခဲ့ခြင်းကြောင့် ဂျပန်ဝန်ကြီးချုပ် အာဘေးအား
တရုတ်နှင့်တောင်ကိုရီးယားနိုင်ငံတို့ ပယ်ပယ်နယ်နယ် ဝေဖန်ပြစ်တင် ခဲ့ကြသည်။
ဒုတိယကမ္ဘာ့စစ်ကာလအတွင်းက
နာဇီလက်အောက် နာဇီလက်အောက် ကျရောက်ခဲ့သည့် အမ်စတာ ဒမ်မြို့မှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦးက
၎င်း၏ နေ့စဉ်မှတ်တမ်းများကို စာအုပ် အဖြစ် ရေးထားခြင်းဖြစ်သည်။ ယင်းစာအုပ်ကို
အန်းဖရန့်၏ နေ့စဉ်မှတ်တမ်းဟု အမည်ပေးခဲ့သည်။
အဆိုပါ စာအုပ်သည် ဒုတိယကမ္ဘာ့စစ်အတွင်း
ဂျူးလူမျိုးတို့ခံစားခဲ့ရသော ဆိုးရွားသော အဖြစ်အပျက်များ ကို သင်္ကေတပြုနိုင်ခဲ့သည်။
လက်ရှိ ဂျပန်ဝန်ကြီးချုပ်
အာဘေး၏ အဘိုးတော်စပ်သူ နိုဘူဆူကီကီရှီမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အစိုးရအဖွဲ့၌
စက်မှုဝန်ကြီးအဖြစ် စစ်ပြီးဆုံးသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်းသည် ဂျပန်နိုင်ငံ စစ်ရှုံးပြီး လက်နက်ချချိန်တွင် ဖမ်းဆီးခံရသော်လည်း မည်သည့်စွဲချက်ဖြင့်မျှ
ရုံးတင် မခံရဘဲ စစ်ပြီးခေတ် ဂျပန်အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။
No comments:
Post a Comment