Tuesday, March 25, 2014


မက်ဒရစ်ရှိ နာမည်ကျော် အထပ်မြင့် မိုးမျှော် အဆောက်အဦးကြီးအား ၀ယ်ယူလိုကြောင်း ကမ်းလှမ်းခဲ့သည့် တရုတ်နိုင်ငံမှ အချမ်းသာဆုံး ပုဂ္ဂိုလ်
တရုတ်နိုင်ငံမှ အချမ်းသာဆုံး ပုဂ္ဂိုလ် Wang Jianlin ဆိုသူက စပိန်နိုင်ငံ ၊ မက်ဒရစ်မြို့ရှိ နာမည်ကျော် အထပ်မြင့် မိုးမျှော် အဆောက်အဦးကြီးအားဝယ်ယူလိုသည်ဟု ကမ်းလှမ်းခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန် ကြေညာသော သတင်းများအရ သိရှိရသည်။ ၂၅ ထပ်ပါ ယင်းအဆောက်အဦးကြီးအား ယူရို (၂၆၀) သန်း (အမေရိကန်ဒေါ်လာ ၃၆၂ သန်း) ဖြင့် ၀ယ်ယူလိုကြောင်း ပိုင်ရှင်ဖြစ်သည့် စပိန်နိုင်ငံမှ ထိပ်တန်း ဘဏ်လုပ်ငန်းရှင် Santander အား ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အရောင်းအ၀ယ် ကိစ္စအား ယခုထိ အတည်ပြု ဆုံးဖြတ်ခြင်းမျိုး မရှိသေးကြောင်း မက်ဒရစ်မြို့ အုပ်ချုပ်ရေးမှူး Ignacio Gonzalez မှ ပြောကြားခဲ့သည်။ Francisco Franco အုပ်ချုပ်စဉ် ကာလ ၁၉၅၃ ခုနှစ်က တည်ဆောက် ပြီးစီးခဲ့သည့် ယင်းအဆောက်အအုံတွင် ရုံးခန်းများနှင့် လူနေအိမ် များစွာတို့ရှိကြသည်။ တရုတ်နိုင်ငံ၏ အချမ်းသာဆုံး (ကမ္ဘာ့အချမ်းသာဆုံးအဆင့် ၂၆ရှိ) ဖြစ်သော Wang သည် အမေရိကန်ဒေါ်လာ (၁၄) ဘီလီယံ ပိုင်ဆိုင်လိမ့်မည်ဟု ခန့်မှန်းကြောင်း Forbes မဂ္ဂဇင်းက လွန်ခဲ့သောလက ထည့်သွင်း ရေးသားခဲ့သည်။ Wang သည် ၂၀၁၂ ခုနှစ်က US AMC Entertainment အား ၀ယ်ယူခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top