Tuesday, March 25, 2014


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တောင်ကို ရီးယားသံအမတ်ကြီး ဦးဆောင်သော အဖွဲ့နှင့်တွေ့ဆုံ



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အား တောင်ကိုရီးယားနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E. Mr.Lee Baek-soon ဦးဆောင်သော အဖွဲ့ဝင် နှစ်ဦးပါ အဖွဲ့သည် မတ်လ(၂၄) ရက်နေ့ ညနေ (၅) နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။





တွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တောင်ကိုရီးယားနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ကြီး H.E. Mr.Lee Baek-soon နှင့်အတူ Mr. JE SEUNG HO တက်ရောက်သည်။ 
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ် ကြည်ရင်းနှီးမှု ပိုမို တိုးမြှင့်ဆောင်ရွက်ရေး ကိစ္စရပ်များအား ရင်းနှီးစွာ ဆွေးနွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက တောင်ကိုရီးယားနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E. Mr.Lee Baek-soon အားအမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။

No comments:

Post a Comment

back to top