မင်းသမီးဒိုင်ယာနာကို သတ်တဲ့ လူသတ်သမားကို ရှာတွေ့
ဗြိတိန်တော်ဝင်မင်းသားဝီလျံဟာ
မိခင်ကိုသတ်ခဲ့တဲ့ တရားခံဘိုရစ်ရဲ့တည်နေရာကို သိရှိခဲ့ပြိလို့ နီးစပ်ရာ
အသိုင်းအ၀ိုင်းတွေရဲ့ ပြောကြားချက်ကို Globe က ရေးသားဖော်ပြထားပါတယ်။နီးစပ်ရာ
အသိုင်း အ၀ိုင်းတွေရဲ့ ပြောကြားချက်အရ တော်ဝင်မင်းသားဝီလျံဟာ ခရိုင်းမီးယားဒေသမှာ
ဘိုရစ်စ်ရှိနေကြောင်း သတင်းရရှိပြီးနောက် ကြိတ်မနိုင်ခဲမရ ဒေါသထွက်နေတယ်လို့
သိရပြီး ဘိုရစ်စ်ဟာလည်း ရုရှား သမ္မတပူတင်ရဲ့ အကာအကွယ်အောက်မှာရှိနေတယ်လို့
သိရပါတယ်။ ဗြိတိန်တော်ဝင် မိသားစုဟာ ဘိုရစ်စ်ကို လွှဲပြောင်းပေးဖို့
ရုရှားအစိုးရအဖွဲ့ကို တရားဝင်တောင်းဆိုခဲ့ပြီး အသိုင်းအ၀ိုင်းများ က
ဖြစ်နိုင်ခြေ မရှိဘူးလို့ Globe ကို ဖြေကြားခဲ့ကြောင်း သိရပါတယ်။ အကြာင်းကတော့ ဘိုရစ်စ်ဟာ
ပူတင်အတွက် အလုပ်လုပ်ပေးလျက်ရှိနေပြီး တစ်ချိန်က ပူတင်တာဝန်ထမ်းဆောင်ခဲ့တဲ့
ဆိုဗီယက်ယူနီယံရဲ့ KGB လျှို့ဝှက်ရဲတပ်ဖွဲ့နဲ့လည်း အချိတ်အဆက်ရှိတယ်လို့သိရပါတယ်။
တော်ဝင်မိသားစုအတွင်း
အကြံပေးပုဂ္ဂိုလ်များက မင်းသားဝီလျံကို စိတ်ရှည်သည်းခံဖို့ ထိန်းသိမ်းနေရ တယ်လို့
သိရပါတယ်။ ဘိုရစ်စ်ကို ခရိုင်းမီးယားမှာ နောက်ဆုံးမြင်တွေ့ရပုံကို
ဓာတ်ပုံရိုက်မှတ်တမ်း ယူထားနိုင်ခဲ့တာက ခရိုင်းမီးယားဒေသခံတွေ ရုရှားကို
ထောက်ခံဆန္ဒပြနေကြချိန်ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment