MH 370 လေယာဉ်၏ အပိုင်းအဆဟု ယူဆရသည့် အရာဝတ္ထုများမှာ အမှိုက်သရိုက်များ ဖြစ်နေသည်ဟုဆို
အိန္ဒိယ သမုဒ္ဒရာ အတွင်းမှ
ဆယ်ယူရရှိခဲ့သည့် အရာဝတ္ထုများသည် ရက်သတ္တလေး ပတ်ကြာ မျှ ပျောက်ဆုံးနေသော
မလေးရှားလေကြောင်းလိုင်း MH
370 လေယာဉ်၏ အစိတ်အပိုင်းများနှင့် ဆက်စပ်ကြောင်း အထောက်အထား
မပြနိုင်သည့် ငါးဖမ်းရာတွင် အသုံးပြု ပစ္စည်းများနှင့် သင်္ဘောပျက်၏
အစိတ်အပိုင်းများသာ ဖြစ်ကြောင်း အဆိုပါ ပျောက်ဆုံးလေယာဉ် ရှာဖွေရေးတွင် ပါဝင်သည့်
သြစတြေးလျ ရေကြောင်းသွားလာမှု ဘေးကင်း လုံခြုံရေးအာဏာပိုင်အဖွဲ့ (AMSA) အဖွဲ့
ပြောရေး ဆိုခွင့်ရှိသူ Andrea Hayward- Maher က မတ် ၃ဝ ရက်တွင် ထုတ်ဖော်
ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ အရာဝတ္ထုများကို
ပထမဆုံးအကြိမ်အဖြစ် ဆယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လေယာဉ်ရှာဖွေရေးတွင်
သင်္ဘောရှစ်စင်းနှင့် လေယာဉ် ၁ဝ စင်း ပါဝင်ကြောင်း၊ HMAS Toowoomba ဖရီးဂိတ်သင်္ဘောသည်
မတ် ၂၉ ရက်နှောင်းပိုင်းတွင် သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှ ထွက်ခွာခဲ့ပြီး
ပျောက်ဆုံးလေယာဉ်အား ရှာဖွေနေသည့် နေရာသို့သုံးရက် အကြာတွင်
ရောက်ရှိ မည်ဖြစ်ကြောင်းနှင့် လေယာဉ်ပျံသန်းမှု မှတ်တမ်း (black box အား
ရှာဖွေမည့် ကိရိယာ တပ်ဆင် ထားသော ရေအောက်မောင်းသူမဲ့ယာဉ်အား Ocean Shield
သင်္ဘောတွင်တပ်ဆင်လျက် ရှိကြောင်းသိရ သည်။ မိမိတို့၏ မူလဦးစားပေး လုပ်ဆောင်မှုမှာ
အဆိုပါ လေယာဉ် ပျက်ကျခဲ့သည့် နေရာအား အတည်ပြုနိုင်ရန်အတွက် လေယာဉ်များကို
အသုံးပြုသွားရန်ဖြစ်ကြောင်း၊ ထို့နောက် သင်္ဘောများအား အဆိုပါနေရာသို့ စေ လွှတ်ကာ အပျက်အစီး
များကို ဆယ်ယူရန်ဖြစ်ကြောင်း သြစတြေးလျ ရေတပ် ဗိုလ်မှူးချုပ် Peter Leavy
ကပြောကြားခဲ့သည်။ ရှာဖွေရေးလေယာဉ် ရှစ်စင်းအနေဖြင့် မတ် ၃ဝ ရက်တွင် ၂၅၂,ဝဝဝ
စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိ ရေပြင်၌ မျိုးစုံသော ရှာဖွေမှုများကို
ပြုလုပ်ခဲ့ပြီး အသစ်ထပ်မံရှာဖွေမှု ဧရိယာအဖြစ် သြစတြေးလျနိုင်ငံ အနောက်ဘက်
ကမ်းရိုးတန်း အနီး၊ ယခင် ရှာဖွေနေ သည့် နေရာ၏ အရှေ့မြောက်ဘက် ၁၁ဝဝ ကီလိုမီတာ (၆၈၇
မိုင်ကျော်)အား သတ်မှတ်ထားကြောင်း သိရသည်။
No comments:
Post a Comment