ရုရှားထိန်းချုပ်မှုလက်အောက်ကို ရောက်နေသည့် ခရိုင်းမီးယားဒေသ
ရုရှားစစ်တပ်ဟာ တနင်္ဂနွေနေ့မှာ ခရိုင်းမီးယားဒေသမှာရှိတဲ့ ရုရှားစစ်တပ် တပ်စွဲထား တဲ့ နေရာတော်တော်များများကို ထိန်းချုပ်ထားပြီး ရုရှားရူဘယ်ငွေကိုလည်း အခုရက်ပိုင်းအတွင်း မှာ ခရိုင်းမီးယားဒေသမှာ စတင်သုံးစွဲတော့မှာဖြစ်တယ်လို့သိရပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သူတို့ဟာ ခရိုင်းမီးယားဒေသမှာ ယူကရိန်းစစ်တပ်
တပ်စွဲ ထားတဲ့ နေရာတော်တော်များများကို သိမ်းပိုက်ပြီးဖြစ်တယ်လို့
ပြောကြားထားပါတယ်။ ၀န်ကြီး ဌာနအရာ ရှိတွေက ရုရှားစစ်တပ်ဟာ
စစ်အခြေစိုက် စခန်း(၁၈၉)ခု၊ ထောက်ပံ့ရေးစခန်းတွေ၊ ကင်းစခန်းတွေနဲ့
ကျွန်းဆွယ်မှာရှိတဲ့ တခြားနေ ရာတွေကိုလည်း သိမ်းပိုက်ပြီးဖြစ်တယ်လို့
တနင်္ဂနွေနေ့ က ပြောကြား ထားပါတယ်။ ထောက်ပံ့ရေးစခန်း(၃)ခုမှာ ယူကရိန်းနိုင်ငံ အလံအစား ရုရှားနိုင်ငံ
အလံတွေကို တနင်္ဂနွေနေ့ က ပြောင်းလဲလွှင့်ထူပြီးဖြစ်တယ်လို့သိရပါတယ်။
အဲ့ဒီထောက်ပံ့ရေးစခန်း တွေကို ၀ိုင်းထားတဲ့ ရုရှားစစ်တပ်သုံးယာဉ်တွေဟာ
စခန်းကနေ ထွက်ခွာသွားပြီဖြစ်တာကြောင့် အဲ့ဒီစခန်းတွေကို ရုရှားတွေ
သိမ်းလိုက်ပြီဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။
ရုရှားသမ္မတ"ဗလာဒီမာပူတင်"ကတော့
ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုလုံခြုံရေးဝန်ဆောင်မှုရုံးခွဲတွေကို
လာမယ့်စနေနေ့မှာ ဖွင့်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးတွေကို
အမိန့်ပေးထားပြီးဖြစ်တယ်လို့သိရ ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံဟာ
ခရိုင်းမီးယားဒေသမှာ ဘဏ္ဍာရေးအရ ခြေကုတ်ယူ လာနိုင်ပြီ
ဖြစ်တယ် လို့လည်းသိရပါတယ်။ ခရိုင်းမီးယားလွှတ်တော်ဥက္ကဋ္ဌ "ဗလာဒီမာ
ကွန်စတန်တီနော" ကတော့ ခရိုင်းမီးယားဒေသမှာ အခုရက်ပိုင်းအတွင်း
ရုရှားရူဘယ်ငွေကို စတင်အသုံးပြုမှာဖြစ်တယ် လို့ပြောကြား ထားပါတယ်။
No comments:
Post a Comment