Thursday, March 20, 2014


ပျောက်ဆုံးလေယာဉ် သတင်းစာရှင်းလင်းပွဲတွင် ပဋိပက္ခဖြစ်
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပျောက်ဆုံးနေသော မလေးရှားလေကြောင်းပိုင်လေယာဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ပဋိပက္ခဖြစ်ပွားခဲ့သည်ဟု ဘီဘီစီ သတင်းဌာနက ယနေ့ဖော်ပြသည်။ ပျောက်ဆုံးနေသော လေယာဉ်ပေါ်တွင် ပါသွားသူများ၏ ဆွေမျိုးများက တရုတ် ဂျာနယ်လစ်များအား စကားပြောရန် ကြိုးစားသည်ကို မလေးရှားရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ရာမှ ပဋိပက္ခဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မလေးရှားရဲတပ်ဖွဲ့ဝင်များသည် ဘီဘီစီသတင်းထောက် အပါအ၀င် သတင်းထောက်အချို့ကိုလည်း သတင်းစာရှင်းလင်းပွဲသို့ ၀င်ခွင့်မပေးခဲ့ကြောင်း ဘီဘီစီ က ဖော်ပြသည်။

No comments:

Post a Comment

back to top