Tuesday, March 25, 2014

T20 ကမ္ဘာ့ဖလား ခရစ်ကတ် ပြိုင်ပွဲမှာ တောင်အာဖရိက အသင်းက နယူးဇီလန်ကို အနိုင်ရတဲ့ သတင်း



March 25, 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ တနင်္လာနေ့က ကျင်းပတဲ့ T20ကမ္ဘာ့ဖလား ခရစ်ကက်ပြိုင်ပွဲမှာ တောင်အာဖရိက အသင်းက နယူးဇီလန် အသင်းကို (two-run)အသာနဲ့ အနိုင်ရ သွားပါတယ်။ အုပ်စု(၁)ပထမပွဲမှာ တောင်အာဖရိက အသင်းဟာ သီရိလင်္ကာအသင်းကို ရှုံးထားပါတယ်။ နယူးဇီလန် ကတော့ ပထမပွဲမှာ အင်္ဂလန်ကို အနိုင်ရထားပါတယ်။ ဒါကြောင့် သူတို့(၂)သင်းက နိုင်ပွဲတစ်ပွဲစီနဲ့ (၂)မှတ်စီ ရထားပါတယ်။ သီရိလင်္ကာကတော့ (၂)ပွဲနိုင်(၄)မှတ်နဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အဲဒီအုပ်စု(၁)မှာ အင်္ဂလန်နဲ့ နယ်သာလန်တို့ ရမှတ်မရှိသေးပါဘူး။ (၂၀၁၄)T20ကမ္ဘာ့ဖလား ခရစ်ကက် ပြိုင်ပွဲဟာ (၁၀)သင်းကျန်တဲ့ Super10အဆင့် ရောက်နေပြီး (၅)သင်းစီ အုပ်စုပတ်လည် ပြိုင်နေတာပါ။ အဲဒီကမှ အုပ်စုပထမ၊ ဒုတိယ(၂)သင်းစီ ဆီမီးဖိုင်နယ် ကစားပြီး ဧပြီ(၆)ရက်မှာ ဗိုလ်လုပွဲ ကစားရပါမယ်။

No comments:

Post a Comment

back to top