ချီကာဂိုမြို့တွင် ရထားလမ်းချော်၍ လူ ၃၀ ဒဏ်ရာရ
အမေရိကန်နိုင်ငံ
ချီကာဂိုမြို့တွင် ရထားလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၃၀
ဒဏ်ရာရရှိခဲ့သည်ဟု CNN သတင်းဌာနက ယနေ့ဖော်ပြသည်။ လမ်းချော်မှု
ဖြစ်ပွားခဲ့သောရထားမှာ ချီကာဂိုလေဆိပ်အတွင်း ၀င်ရောက်စဉ်
အရှိန်မထိန်းနိုင်ခြင်းကြောင့် လမ်းချော်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ချီကာဂိုလေဆိပ် သည် ကမ္ဘာ့လေဆိပ်ကြီးများထဲတွင် အလုပ်အရှုပ်ဆုံး လေဆိပ် တစ်ခုဖြစ်ကာ လေဆိပ် အတွင်း သို့
ဖြတ်သန်းသွားသည့် ရထားလိုင်းအများအပြားရှိသည်ဟု သိရသည်။ လမ်းချော်မှုဖြစ်ပွားခဲ့သော
ရထားသည် စက်လှေကားနှစ်စင်းနှင့်ပလက်ဖောင်းများပေါ်တင်သွားခဲ့၍ နာရီိအနည်းငယ်ကြာ
ပို့ဆောင်ရေး ကျပ်တည်းခဲ့သည်ဟု ဆိုသည်။
No comments:
Post a Comment