ယူကရိန်းနိုင်ငံကို အကူအညီတွေ ပေးတော့မည့် ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံဟာ
ယူကရိန်းနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အခြေခံအဆောက်အအုံတွေ
ဖွံ့ဖြိုးဖို့ အတွက် ငွေကြေးဆိုင်ရာ အကူအညီတွေပေးမှာဖြစ်တယ်လို့သိရပါတယ်။ ဂျပန်ဝန်ကြီးချုပ်
" ရှင်ဇိုအဘေး " ဟာ ယူကရိန်းနိုင်ငံအတွင်း ငြိမ်းအေးချမ်းဖို့အတွက်
ဂျပန်ယွမ်သန်း(၁)ထောင်ကူညီမှာ ဖြစ်တယ်လို့ တရားဝင် ပြောကြားလိုက်ကြောင်း သိရပါတယ်။
ယူကရိန်းနိုင်ငံအတွင်းမှာ
ဖြစ်နေတဲ့ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ဟာ စီးပွားရေး
အခြေအနေတွေကို တိုးတက်လာအောင် ကူညီပေးခြင်းဖြစ်တာကြောင့် အခုလို ကူညီတာဖြစ်တယ်လို့
သိရပါတယ်။ ယူကရိန်းနိုင်ငံဟာ ဘဏ္ဍာရေးအကူအညီ မရှိပါက နိုင်ငံတွင်းမှာရှိနေ တဲ့
နိုင်ငံခြား ကြွေးမြီတွေမြင့်တက်လာပြီး ဘဏ္ဍာရေးအရ ပြိုကွဲမှုဖြစ်လာမယ်လို့ "
အာဘေး " ကပြောကြားထား ပါတယ်။ ဥရောပသမဂ်္ဂ၊ အမေရိကန်နိုင်ငံနဲ့ နိုင်ငံ တကာ
ငွေကြေး ရန်ပုံငွေအဖွဲ့တို့ကလည်း သူတို့ဟာ ယူကရိန်းအိမ်စောင့်အစိုးရအတွက် ကူညီဖို့
အဆင်သင့် ဖြစ်နေ တယ်လို့ ပြောကြားထားပါတယ်။
ဂျပန်အစိုးရဟာ
ယူကရိန်းနိုင်ငံရဲ့ဘဏ္ဍာရေးနဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်လာဖို့အတွက်
ယွမ်ချေးငွေအပြင် တစ်ခြားထောက်ပံ့ကူညီမှုတွေကိုလည်း ပေးသွားမှာဖြစ်တယ်လို့
သိရပါတယ်။ ၀န်ကြီးချုပ် " အာဘေး " ဟာ ယူကရိန်းနိုင်ငံကို အကူအညီပေးမယ့်
အစီအစဉ်တွေကို ထိပ်သီး(၇) နိုင်ငံ စည်းဝေးပွဲမှာ ကြေညာဖို့စီစဉ်ထားတယ်လို့ သိရပြီး
လာမယ့်တစ်ပတ် နယ်သာလန်နိုင်ငံမှာ ကျင်းပမယ့် နျူကလီးယားလုံခြုံရေး
ထိပ်သီးဆွေးနွေးပွဲမှာ ပြောကြားနိုင်ဖွယ်ရှိတယ်လို့ သိရပါသည်။
No comments:
Post a Comment