Monday, March 24, 2014


ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယား သုံးနိုင်ငံ ထိပ်သီးဆွေးနွေး ပွဲ
ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့မှ ခေါင်းဆောင်တွေဟာ လာမယ့်ရက်သတ္တပတ် နယ်သာလန်နိုင်ငံမှကျင်းပမယ့် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲ တစ်ခုကို တက်ရောက်မှာ မဟုတ်ဘဲ အဲ့ဒီအစားထိပ်သီးသုံးနိုင်ငံ ဆွေးနွေးပွဲတစ်ခုကို ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။
(သ-ဟေ့ဂ်)မှာ ကျင်းပခဲ့တဲ့ နျူကလီးယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲမှာ သုံးနိုင်ငံထိပ်သီး ဆွေးနွေးပွဲ ကျင်းပဖို့အတွက် ၀ါရှင်တ်က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ " အိုဘားမား " နဲ့ သူ့အစိုးရတို့ဟာ အဓိက မဟာမိတ် အာရှနှစ်နိုင်ငံအကြား ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံနဲ့ တောင်ကိုရီးယားတို့ကလည်း အစည်းအဝေးပွဲကျင်းပမယ့် အစီအစဉ်ကို သဘောတူခဲ့ကြပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး သောကြာနေ့မှာ တရားဝင် ကြေညာ သွားမယ်လို့ တောင်ကိုရီးယားတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ပျော်တော်ဆက် အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး(၁၉၉၃)ခုနှစ်၊ ကြေညာချက်ကို ပြန်လည်ပြင်ဆင်ဖို့ ရည်ရွယ်ထားတာ မရှိဘူးလို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က " ရှင်ဇိုအာဘေး " က ထုတ်ဖော်ပြောကြား ထားပြီး " ပက်ဂျွန်ဟေး " က " အဘီ " ရဲ့ ကြေညာချက်ကို ကြိုဆိုသွားခဲ့ပါတယ်။

အဲ့ဒီကြေညာချက်မှာ အဲ့ဒီတုန်းက ၀န်ကြီးတစ်ဦးဖြစ်တဲ့ " ယိုဟေးကိုနို " က ဒုတိယကမ္ဘာစစ် အတွင်းက ပျော်တော်ဆက် အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး တောင်းပန်သွားသလို နောင်တရမိ တယ်လို့ ပြောကြားခဲ့ပါတယ်။ ခေါင်းဆောင်သုံးဦးဟာ ဆွေးနွေးပွဲအတွင်း မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်သွားဖွယ်ရှိနေပြီး သုံးနိုင်ငံရဲ့အခြားကိစ္စရပ်တွေကိုလည်း ဆွေးနွေး သွားဖွယ်ရှိ နေတယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲဟာ တိုကျိုနဲ့ဆိုးလ်တို့ရဲ့ ဆက်ဆံရေးကို တိုးတက်ကောင်းမွန် စေမလား၊ မကောင်းမွန်စေဘူးလားဆိုတာကို လေ့လာစောင့်ကြည့်သူတွေ က စောင့်ကြည့်နေတယ်လို့ သိရပါသည်။

No comments:

Post a Comment

back to top