Tuesday, March 25, 2014



ရခိုင်အမျိုးသားပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်ဟုဆို

ရခိုင်တိုင်းရင်းသား အင်အားကြီးနှစ်ပါတီ ပူးပေါင်းထားသည့် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု ယနေ့ပြုလုပ်သည့် ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ကြောင်းသိရသည်။ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီဘတ်ဂျက်ကိစ္စများ၊ မြန်မာနိုင်ငံအနှံ့အပြား ရုံးခွဲဖွင့်မည့်ကိစ္စများကို ဆွေးနွေးကြကြောင်း သိရသည်။

“ရခိုင်ပြည်နယ်ထဲက လစ်လပ်နေတဲ့ မဲဆန္ဒနယ်သုံးခုစလုံးကို ပြိုင်ဖို့ ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအေးသာအောင်က ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။


၂၀၁၄ ပွင့်လင်းရာသီ၌ လစ်လပ်နေသည့် မဲဆန္ဒနယ် ၃၀ ကို ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်တို့ တစ်နေရာစီ လစ်လပ်လျက်ရှိသည်။ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ရခိုင်အမျိုးသားပါတီအဖြစ် ပူးပေါင်းကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်လျှောက်ထားပြီးဖြစ်သည်။

No comments:

Post a Comment

back to top