Tuesday, March 18, 2014


ချီလီနိုင်ငံ ကမ်းရိုးတန်းဒေသတွင် လှုပ်ခတ်ခဲ့သည့် အားပြင်းငလျင်
ချီလီနိုင်ငံ အနောက်မြောက်ဘက် ကမ်းရိုးတန်းမှာ အင်အားပြင်းငလျင် တစ်ခုလှုပ်ခတ်ခဲ့ပြီး ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုကိုတော့သတင်းထုတ်ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ချီလီနိုင်ငံမှာရှိတဲ့ အရေးပေါ် အခြေအနေစီမံ ခန့်ခွဲမှုဆိုင်ရာဌာနကတော့ ကမ်းရိုးတန်းမှာ လှုပ်ခတ်တဲ့ ငလျင်ဖြစ်တာကြောင့် ဆူနာမီရေလှိုင်း ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေ သတိပေးချက်ကို ဒေသခံတွေကို ထုတ်ြပန်ပေးထားတယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံရဲ့ဘူမိဗေဒဆိုင်ရာ လေ့လာချက်အရ  ပြင်းအား ၆.၇ မဂ္ဂနီကျု့ရှိတဲ့ အင်အားပြင်း ငလျင် တစ်ခု ချီလီနိုင်ငံကမ်းရိုးတန်းမှာ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။  ငလျင်ရဲ့ ဗဟိုချက်မဟာ ချီလီနိုင်ငံ ၊အီကွီဒေသအနောက်မြောက်ဘက် အနောက်စွန်းစွန်း ၆၀ ကီလိုမီတာ မှာဖြစ်ပြီး မြေအောက်အနက်ပေ ၂၀ ကီလိုမီတာ မှာလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပျက်စီးထိခိုက်မှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု အတိအကျကို သတင်းထုန်ပြန်ထားခြင်း မရှိသေးပေမယ့် အရေးပေါ် အခြေအနေ စီမံမှုဆိုင်ရာ အရာရှိတွေကတော့ ကမ်းခြေတစ်လျှောက်မှာ ဆူနာမီရေ လှိုင်းသတိပေး ချက်ထုတ်ပြန်ထားပြီး ဒေသခံတွေကို ပိုမြင့်တဲ့နေရာတွေ ကို ရွှေ့ပြောင်းနေ ထိုင်ကြဖို့ကိုလည်း သတိပေးချက်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပစိဖိတ်သမုဒ္ဒရာဆူနာမီ သတိပေးချက်ထုတ်ပြန်ရေး ဗဟိုဋ္ဌာနကတော့ ငလျင်လှုပ်ခတ်ခဲ့တဲ့ နေရာမှာ ဆူနာမီရေလှိုင်းပေါ်နိုင်တဲ့ ပင်လယ်ရေမျက်နှာပြင်မျိုးဖြစ်ပေါ်ခဲ့ပေမယ့် ပျက်စီးမှုဖြစ်နိုင်တဲ့ဆူနာမီရေလှိုင်းဖြစ် ပေါ်ဖို့ခြိမ်းခြောက်မှု မျိုးတော့မရှိခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ငလျင်ဗဟိုချက်မကနေ ကီလိုမီတာ ၂၀၀ အတွင်းမှာ ငလျင်ကြောင့် အပျက်အစီးတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်ကိုတော့ ထုတ်ပြန်ထားတယ်လို့ သိရပါသည်။

No comments:

Post a Comment

back to top