နိုင်ငံပေါင်း ၁၃၀ ထိ
ပျံသန်းပြေးဆွဲပေးလျက်ရှိသည့် Air Asia လေကြောင်း လိုင်း
မလေးရှားနိုင်ငံ
အခြေစိုက် Air Asia လေကြောင်းလိုင်းဟာ ရန်ကုန်မှ ဘန်ကောက်နဲ့ ကွာလာလမ်ပူ သို့နေ့စဉ်
ပျံသန်းပြေးဆွဲနေပြီး မန္တလေးမှလည်းဘန်ကောက်သို့
ပျံသန်းပြေးဆွဲ ပေးနေ တာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံပေါင်း ၁၃၀ ကျော်ကို လည်း ပြေးဆွဲပြေးလျက်ရှိတယ်လို့
မတ်လ (၂၃)ရက်နေ့က Park Royal ဟိုတယ်မှာ ပြုလုပ်တဲ့ Air Asia လေယာဉ်လက်မှတ်
အရောင်းစင်တာ ရုံးခန်းသစ် ပြောင်းရွှေ့ ဖွင့်လှစ်ခြင်း အခမ်းအနားမှ သိရပါတယ်။
အဆိုပါ
Air Asia ရုံးခန်းဖွင့်လှစ်ခြင်းရဲ့ အထူးအရောင်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ဘန်ကောက်နဲ့
ကွာလာလမ်ပူသို့ လေယာဉ်လက်မှတ်ဈေးနှုန်းများကို ခရီးစဉ်တစ်ကြောင်းကို အမေရိကန်ဒေါ်လာ(၃၀)မှ
စတင်ကာ ရောင်းချပေးနေပြီး လာမယ့် မတ်လ(၂၃)ရက်နေ့မှစတင်ကာ မတ်လ(၂၅)ရက် မတိုင်ခင် ၀ယ်ယူပြီး
လာမယ့်ဇူလိုင်လ(၂၀)ရက်မတိုင်ခင် ခရီးသွားလာမှု ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲအေးရှားရဲ့
လက်မှတ် အရောင်းစင်တာကိုတော့ ဒဂုံမြို့နယ်ရှိ လပြည့်ဝန်းပလာဇာမှာ ပြောင်းလဲဖွင့်လှစ် ထားတာ
ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment