Tuesday, March 18, 2014



အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပရန် နောက်ဆုံး သတ်မှတ်ရက်နီးကပ်လာ

အစ္စရေးနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် နောက်ဆုံးသတ်မှတ်ရက် နီးကပ်လာနေချိန်တွင် အမေရိကန်သမ္မတဘားရက်အိုဘားမားနှင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ သမ္မတမာမွတ်အဘတ်စ် တို့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်မည်ဖြစ်ကြောင်း ယနေ့ဘီဘီစီသတင်းတွင်ဖော်ပြသည်။
မတ် ၁၆ ရက်က ၀ါရှင်တန်တွင်  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အဘတ်တို့တွေ့ ဆုံခဲ့ကြသည်။ ဧပြီ ၂၉ ရက်နောက်မကျဘဲ အစ္စရေးနှင့် ပါလက်စတိုင်းခေါင်းဆောင် များ တွေ့ ဆုံဆွေးနွေးနိုင်ခြင်း မရှိသည့်တိုင် တွေ့ဆုံဆွေးနွေးရန်မူအရ သဘောတူသင့်ကြောင့် ဂျွန်ကယ်ရီက တိုက်တွန်းခဲ့သည်။
ပါလက်စတိုင်းနှင့် အစ္စရေးနှစ်ဖက်စလုံးအနေဖြင့် ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အခြေခံမူဘောင် ချမှတ်နိုင်မည်ဆိုပါက ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပရန် နောက်ဆုံးသတ်မှတ်ရက်ကို ကျော်လွန်သည့်တိုင် တွေ့ဆုံဆွေးနွေးနိုင်မည်ဟု ကယ်ရီက ပြောကြားသည်။
သို့ရာတွင် ယင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ ပါလက်စတိုင်းပြည်သူ များက မျှော်လင့် ချက်မှေးမှိန်လျက်ရှိသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား အမေရိကန်သမ္မတဘားရက်အိုဘားမားက လွန်ခဲ့သည့် ရက်သတ္တပတ်နှစ်ပတ်က ပြောကြားရာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် နှစ်ဖက်စလုံးအနေဖြင့် အလျှော့အတင်းများပြုလုပ်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top