Wednesday, March 26, 2014


ဝါရှင်တန် ပြည်နယ်တွင် မြေပြိုကျမှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးသူ ဦးရေမှာ ၁၇၆ ဦးထိ မြင့်တက်
အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ပြည်နယ်တွင် မတ်၂၂ရက် က မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက်ပျောက် ဆုံးသူ ဦးရေမှာ ယခုအခါ အနည်းဆုံး ၁၇၆ ဦး အထိ မြင့်တက်လာခဲ့ကြောင်း ယင်းပြည်နယ် အာဏာပိုင်များက မတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ မြေပြိုကျမှုကြောင့် ဆီယက်တဲလ်မြို့၏ အရှေ့မြောက်ဘက် ၈၈ ကီလိုမီတာ အကွာခန့်ရှိ တံငါရွာဟောင်း တစ်ခုရှိ အိမ်ခြေပေါင်းများစွာ မှာ မြေကြီးအောက်သို့ ကျွံကျခဲ့ပြီး သေဆုံးသူ ဦးရေမှာ ယခုအချိန်အထိ ရှစ်ဦးခန့် ရှိသည်ဟု အတည်ပြုထားကြောင်း ခနိုဟိုမစ်ရှ်ခရိုင်ရုံးမှ ထုတ်ပြန်သော အစီရင်ခံစာ တစ်စောင် တွင် ဖော်ပြ ထားသည်။ မြေကြီးအောက်တွင် ပိတ်မိနေသည့် ဒေသခံ များကို ကယ်ထုတ်နိုင်ရန် ကယ်ဆယ် ရေး လုပ်ငန်းများကို မတ် ၂၄ ရက်တွင် ပြန်လည် စတင်ခဲ့ကြောင်း၊ အပျက်အစီးများကြားတွင် အသက်ရှင် ကျန်ရစ်နိုင်မည့် အလားအလာ မရှိကြောင်း အဆိုပါခရိုင်ရုံးမှ အကြီးအကဲ တစ်ဦးက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top