မလေးရှား လေကြောင်းမှ လေယာဉ်တစ်စင်း
ဟောင်ကောင်မြို့သို့ အရေးပေါ် ဆင်းသက်ခဲ့ရ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ
ဆိုးလ်မြို့သို့ ထွက်ခွာရန် စီစဉ်ထားသော မလေးရှား လေကြောင်းလိုင်း မှ လေယာဉ်
တစ်စင်းသည်လျှပ်စစ်ပိုင်းဆိုင်ရာ
ချွတ်ယွင်းမှုကြောင့် မတ် ၂၄ ရက် အစောပိုင်း က ဟောင်ကောင်မြို့သို့ အရေးပေါ်
ဆင်းသက်ခဲ့ရကြောင်း အဆိုပါ လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။ MH 066 အမျိုးအစား
အဆိုပါ လေယာဉ်သည် ပုံမှန် လျှပ်စစ်စွမ်းအားကို ထောက်ပံ့ပေးသော လေယာဉ်၏
ဓာတ်အားပေးစက် ချွတ်ယွင်းခဲ့ခြင်းကြောင့် ဟောင်ကောင်မြို့သို့ ဒေသစံတော်ချိန်
နံနက် ၃ နာရီခန့်က အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းမှ
ထုတ်ပြန်သည့် ကြေညာချက် တွင် ဖော်ပြထားသည်။
No comments:
Post a Comment