Wednesday, March 19, 2014

အရေးပေါ် တရားဥပဒေ ထိုင်းအစိုးရ ရုပ်သိမ်း
ထိုင်းအစိုးရသည် ဇန်န၀ါရီလ အတွင်းက ပြဋ္ဌာန်းထားခဲ့သော အရေးပေါ် ဥပဒေကို ရုပ်သိမ်းကြောင်း အတည်ပြုချက် ထုတ်ပြန်လိုက်သည်ဟု ရိုက်တာသတင်းဌာနက ယနေ့ဖော်ပြသည်။ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီဥက္ကဋ္ဌ ပါရာဒွန်က အရေးပေါ် ဥပဒေရုပ်သိမ်းရန် ဆုံးဖြတ်ခြင်းနှင့် ပတ်သက်၍ “နိုင်ငံရဲ့ အခြေအနေဟာ တည်ငြိမ်မှုမြင့်တက်လာတာကြောင့် အရေးပေါ် ဥပဒေကို ရုပ်သိမ်းဖို့ ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်။ ၀န်ကြီးချုပ်ကိုယ်တိုင် ရုပ်သိမ်းခွင့်ပေးခဲ့တာပါ။ ဒါပေမယ့် ပြည်တွင်း လုံခြုံရေးဆိုင်ရာ အက်ဥပဒေကိုတော့ ဆက်လက်ကျင့်သုံးသွားမှာပါ” ဟု ပြောသည်။

No comments:

Post a Comment

back to top