Tuesday, March 25, 2014

ရန်ကုန်မှာကျင်းပမယ့် စိုင်းစိုင်းခမ်းလှိုင်းရဲ့ 10th Anniversary Birthday Show

 

 ဟစ်ဟော့ပ်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday show ကျင်းပလာခဲ့တာ ဒီနှစ်ဆို ၁ဝနှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ စိုင်းစိုင်းကသူ့ရဲ့ 10th Anniversary Birthday Show ကိုသူ့ ရဲ့ အောင်မြေဖြစ်တဲ့ ရန်ကုန်မြို့၊ ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာပဲ ကျင်းပမယ့်အကြောင်းကို "ကျွန်တော့်ရဲ့  စိုင်းစိုင်း Birthday Show ဆိုပြီး စီစဉ်လာတာ
ဒီနှစ်ဆိုရင် ၁ဝနှစ်ပြည့်ပါပြီ။ ကျွန်တော့်ရဲ့ Birthday 10th Anniversary ပွဲကို ရန်ကုန်မှာလုပ်မလား၊ မန္တလေးမှာလုပ်မလားဆိုပြီး ပရိသတ်ဆီက ဆန္ဒတောင်းခံလိုက်ပါတယ်။ သူငယ်ချင်းတွေအားလုံး ကိုလည်း တိုင်ပင်လိုက်ပါတယ်။ နောက်ဆုံး မှာတော့ ကျွန်တော့်ရဲ့ မွေးနေ့ပွဲကို ရန်ကုန်မှာပဲ လုပ်ဖြစ်ပါတယ်" လို့ ပြောပါတယ်။
မတ်လ ၂၉ရက်နေ့၊ Mandalay Hill Resort မှာ ကျင်းပမယ့် Sai Sai In Mandalay နဲ့ ပတ်သက်ပြီးလည်း မန္တလေးက စိုင်းစိုင်းရဲ့ ပရိသတ်တွေကို စိုင်းစိုင်းက...
"Birthday Show ကို ရန်ကုန်မှာ လုပ်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာပဲ မန္တလေးက Organizer တွေက မန္တလေးမှာ စိုင်းစိုင်းရှိုးလုပ်ဖို့ ကမ်း လှမ်းလာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာနဲ့ပဲ လက်ခံဖြစ်ပါတယ်။ အဲဒီ တော့ Birthday Show ကို ရန်ကုန်မှာ လုပ်ဖြစ်ပေမယ့် မန္တလေးပရိသတ်အတွက် ကျွန်တော်တို့ အားရပါးရ ဖျော်ဖြေနိုင်မှာဖြစ်ပါတယ်။ ကျန်ခဲ့တဲ့ ၂နှစ်က မန္တလေးမှာနောက်ဆုံး လုပ်ခဲ့တဲ့ပွဲကလည်း မိုးတွေ၊ လေတွေကျပြီးတော့ ရပ်သွားခဲ့တာဆိုတော့ ဒီပွဲက ကျွန်တော်တို့အတွက် မကျေပွဲ လို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်တို့ အားရပါးရမီးကုန်၊ ယမ်းကုန်ဖျော်ဖြေပါ့မယ်" လို့ ပြောပါတယ်။ Sai Sai show In Mandalay ဖျော်ဖြေပွဲမှာသီချင်းအပုဒ် ၄ဝ ကျော် ဖျော်ဖြေမယ့်စိုင်းစိုင်းက မန္တလေးပရိသတ်က သူ့အပေါ်ကျေးဇူးရှိတဲ့အကြောင်းကို
" ဒီပွဲမှာ ကျွန်တော့်ရဲ့ ရဲဘော်ရဲ ဘက်တွေဖြစ် တဲ့ မိုးမိုး၊ နန္ဒစိုင်း၊ ဂျွန်၊ ဘန်နီဖြိုး၊Snare၊ စိုးကြီး၊ သီရိဆွေ၊ ငယ်ငယ်၊ Uranium နဲ့အတူမန္တလေးကDreamLoverတီးဝိုင်းကကျွန်တော့်ကိုအားဖြည့်ကူညီမှာဖြစ်ပါတယ်။

အနည်းဆုံး ကျွန်တော့်သီချင်း အပုဒ် ၄ဝ လောက် ဖျော်ဖြေမယ်လို့ မှန်း ထားပါတယ်။ အခုလည်း ကျွန်တော်တို့အကတိုက်တာတွေ၊ သီချင်းတိုက်တာတွေ လုပ်နေပါတယ်။ ဒါပေမဲ့ မန္တလေးမှာ ပွဲက ကျွန် တော်တစ်ခါ တလေမှ လုပ်ဖြစ်တာပါ။ မန္တလေးပရိသတ်ကသာ ဆက်ပြီးတော့ တောင်းဆိုဦးမယ်ဆိုရင် ကျွန်တော့်သီချင်း တွေ အများကြီးနဲ့ ဖျော်ဖြေ မှာပါ။

ဘာဖြစ်လို့လဲဆိုတော့ မန္တလေးပရိသတ်က ကျွန်တော်အဆို တော် စလုပ်ကတည်းက ကျွန်တော့်ကိုအလေး အနက်ထား ပြီးတော့ အမြဲတမ်းကို အားပေးခဲ့ပါ တယ်။ တခြားအနုပညာရှင်တွေနဲ့ သွားပြီး ဖျော် ဖြေတဲ့ပွဲတွေကအစ အနည်းဆုံးကြော်ငြာသွား ရိုက်တာ၊ ရုပ်ရှင်သွားရိုက်တာက အစ မန္တလေး ပရိသတ်က ကျွန်တော့်ကို ဘယ်တော့ အခါမှ မျက်နှာမငယ် စေခဲ့ပါဘူး။
 အဲဒီအတွက် မန္တလေးကပရိသတ်တွေ ကို အလေးအနက် ကျေးဇူးတင်ပါတယ်" လို့စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

No comments:

Post a Comment

back to top