နျူကလီးယား ဆွေးနွေးပွဲ တက်ရောက်ရန် ဂျပန်ဝန်ကြီးချုပ် နယ်သာလန်သို့ ထွက်ခွာ
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည်
နယ်သာလန်နိုင်ငံ The Hague မြို့၌ ကျင်းပမည့် နျူကလီး ယား ဆွေးနွေးပွဲသို့
တက်ရောက်ရန် မတ် ၂၃ ရက်တွင် ထွက်ခွာသွားခဲ့ပြီးအဆိုပါ ဆွေးနွေးပွဲတွင်
သုံးပွင့်ဆိုင် ထိပ်သီး ဆွေးနွေးပွဲအဖြစ် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံ
ခေါင်းဆောင် များနှင့် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
အာဘေးသည် နိုင်ငံပေါင်း ၅၂
နိုင်ငံမှ ခေါင်းဆောင်များနှင့် နယ်သာလန်နိုင်ငံ The Hague မြို့တွင် ပြုလုပ်မည့်
နျူကလီးယား လုံခြုံရေးဆွေးနွေးပွဲသို့ တက်ရောက်သွား မည်ဖြစ်ပြီး ၎င်းတို့သည်
အကြမ်းဖက်မှုများတွင် နျူကလီးယား လက်နက်များ အသုံးပြုတိုက်ခိုက်မှုအား ကာကွယ်
တားဆီးရေး နည်းလမ်းများ ကို ဆွေးနွေး သွားရန် မျှော်မှန်းထားကြောင်း သိရသည်။
အာဘေးသည် ၎င်းဆွေးနွေးပွဲ၏ ဘေးပန်း တွေ့ဆုံဆွေးနွေးမှုအဖြစ် အမေရိကန် သမ္မတဘားရက်
အိုဘားမား၊ တောင်ကို ရီးယား သမ္မတ ပက်ဂွမ်ဟေးတို့နှင့် ဆွေးနွေးသွားမည်
ဖြစ်ကြောင်းနှင့် ယူကရိန်းနိုင်ငံ တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့်
ပတ်သက်၍ ဆွေးနွေး မည့် G 7 စက်မှုနိုင်ငံများ၏ အရေးပေါ် ဆွေးနွေးပွဲကိုလည်း
တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အာဘေးက ဂျပန်နိုင်ငံမှ မထွက်ခွာမီ
သတင်းထောက်များအား အဆိုပါ နျူကလီးယား ဆွေးနွေးပွဲ သို့ ခေတ်မီ အဆင့်မြင့်
နျူကလီးယား နည်းပညာ ပိုင်ဆိုင်သည့် နိုင်ငံနှင့် အဏုမြူဗုံးဖြင့် တိုက်ခိုက်ခံ
ခဲ့ရသည့် တစ်ခုတည်းသော နိုင်ငံ ၏ ခေါင်းဆောင်အဖြစ် တက်ရောက်သွားမည်
ဖြစ်ကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကို ကာကွယ် တားဆီးရန် နိုင်ငံ
တကာ၏ ကြိုးပမ်းအားထုတ်မှုများအား ပံ့ပိုးဆောင်ရွက်မည့် ဂျပန်နိုင်ငံ၏ သဘောထား
အမြင်အား ဖော်ပြလိုကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

No comments:
Post a Comment