Friday, March 21, 2014

မရမ်းကုန်းမြို့နယ် စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၁/၂၀၁၄) ဆင်း


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ် တာဝန်ပေးအပ်ပွဲနှင့် လူငယ်ထုစွမ်းရည် မြှင့်တင်ရေး သင်တန်း (၁/၂၀၁၄) သင်တန်းဆင်းပွဲ အခမ်း အနားကို မတ်လ(၁၉) ရက်နေ့ နံနက် ၉ နာရီတွင် မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ မျက်စိ ကုသ ဆေးရုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့် က အမှာစကား ပြောကြားပြီး သင်တန်းဆင်း လက်မှတ် များကို လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးအောင်ကျော်ညွန်နှင့် ဦးမင်းသိန်းထွန်းတို့က ပေးအပ်သည်။ ထို့နောက် သင်တန်းသားအားလုံး၏ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းသား ၁၆၀ တို့အား မရမ်းကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါ်ခင်သန်းနွယ် ဦးဆောင် ၍ ဒေသန္တရ ဗဟုသုတရရှိရန် နေပြည်တော်သို့ လေ့လာရေး ခရီး နှစ်ရက် ပို့ဆောင်ပေး ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုး's photo.
ပြည်ခိုင်ဖြိုး's photo.
ပြည်ခိုင်ဖြိုး's photo.
ပြည်ခိုင်ဖြိုး's photo.

No comments:

Post a Comment

back to top