လေယာဉ်မှူးနှစ်ဦး
ပူးပေါင်းကြံစည်မှုဖြစ်နိုင်ဟု မလေးရှားအတည်ပြု ကမ္ဘာ့ပထမဆုံး
ဆိုက်ဘာဆက်စပ်ပြန်ပေးဆွဲမှုဖြစ်ဖွယ်ရှိဟု ပညာရှင် များသုံးသပ်
မလေးရှားပို့ဆောင်ရေးဝန်ကြီး
ဟီရှာမူဒင်ဟူစိန်သည် ပျောက်ဆုံးနေသော မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်နှင့်
ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ၌ ရှာဖွေရေးလုပ်ငန်းများကို ဂြိုဟ်တုများမှ
ရရှိသော သတင်းအချက်အလက်များအပေါ် အခြေခံထားသည့် အဝေးဆုံး ရောက် ရှိနိုင်သော နေရာများတွင်
ရှာဖွေမှုများ စတင်ပြုလုပ်လျက်ရှိပြီး လေယာဉ်မှူးနှစ်ဦး ပူးပေါင်းကြံစည် မှုဖြစ်နိုင်သည်ဟု
ပြောကြားခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ယနေ့ဖော်ပြသည်။
ဟီရှာမူဒင်ဟူစိန်က
“ပြီးခဲ့တဲ့ နှစ်ရက်လုံး MH370 လေယာဉ်နဲ့ ပတ်သက်တဲ့ ရှာဖွေမှုတွေကို အနီးစပ်ဆုံးဒေသမှာ
ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီလေယာဉ်ပျောက်ဆုံးမှုဟာ သံတမန်ဆက်ဆံရေးကဏ္ဍ၊ နည်းပညာ ကဏ္ဍတွေနဲ့ ပတ်သက်တဲ့
အကြီးမားဆုံးစိန်ခေါ်မှုလို့ထင်ပါတယ်။ ဂြိုဟ်တုကရရှိတဲ့ သတင်းအချက် အလက်တွေအပေါ် အခြေခံထားတဲ့
အဝေးဆုံးရောက်နိုင်တဲ့ နိုင်ငံတွေမှာ ရှာဖွေမှုစတင်ပြုလုပ်နေ ပါပြီ။ နောက်ဆုံးရရှိတဲ့
အချက်အလက်တွေအရ လေယာဉ်မှူးနှစ်ဦးလုံး ပူးပေါင်းကြံစည်ခဲ့တာ မျိုးဖြစ်နိုင်ပါတယ်” ဟု
ပြောသည်။ ဟီရှာမူဒင်ဟူစိန်သည် မလေးရှားလေကြောင်း အာဏာပိုင် အဖွဲ့မှ ရေဒါမှတ်တမ်းပြန်လည်စစ်ဆေးမှုများ
ပြုလုပ်ခဲ့ရာ၌ အဆိုပါ လေယာဉ်နှင့်ဆက်သွယ် မှု ပြတ်တောက်သွားပြီး နာရီဝက်ခန့်အကြာတွင်
လေယာဉ်ဆီမှ “ အားလုံးအဆင်ပြေ တယ်၊ ကောင်းသောညပါ” ဟု ပေးပို့ခဲ့သော စကားသံကို တွေ့ရှိခဲ့ပြီး
အဆိုပါစကားသံမှ တွဲဖက်လေ ယာဉ်မှူး ဖာရစ်ဇ်အက်ဘ်ဒယ်ဟာမစ်၏ စကားသံဖြစ်ဖွယ်ရှိနေ၍ လေယာဉ်မှူးနှစ်ဦး
ပူးပေါင်းကြံစည်မှု ဖန်တီးခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မလေးရှားမီဒီယာများက
ဖော်ပြသည်။
လေကြောင်းပညာရှင်များနှင့်
လုံခြုံရေးပညာရှင်များက မလေးရှားလေယာဉ်ပျောက်ဆုံးမှုမှာ ကမ္ဘာ့ ပထမဆုံး ဆိုက်ဘာဆက်စပ်
ပြန်ပေးဆွဲမှုဖြစ်ဖွယ်ရှိကြောင်း သုံးသပ်နေသည်ဟု သိရသည်။ ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနတွင်
အကြံပေးအဖြစ် ဆောင်ရွက် ခဲ့ဖူးသော ဒေါက်တာ ဆယ်လီလီဘတ်လေက “ကမ္ဘာပထမဆုံး ဆိုက်ဘာဆက်စပ်ပြန်ပေးဆွဲ မှုဖြစ်နိုင် ပါတယ်။
ဆက်သွယ်ရေးစနစ်တွေကို မိုဘိုင်းလ်ဖုန်း ဒါမှမဟုတ် Memory Strick တစ်ခုကိုသုံးပြီး ခြေရာခံ လို့မရအောင်
ဖန်တီးခဲ့တယ်လို့ ယူဆနိုင်တဲ့ အချက်တွေကိုရှိနေပါတယ်” ဟု ပြောသည်။
No comments:
Post a Comment