ကရိုင်းမီးယားပါလီမန်သည် ယမန်နေ့က ကျင်းပခဲ့သော လူထုဆန္ဒခံယူပွဲ၌ ယူကရိန်းနိုင်ငံမှ ခွဲထွက်ရေး အဆိုကို ထောက်ခံသူ ၉၇ ရာခိုင်နှုန်းရှိခဲ့ခြင်းကြောင့် လွတ်လပ်သောဒေသ အဖြစ် ကြေညာ လိုက်ကြောင်း ဘီဘီစီ သတင်းဌာနက ယနေ့ဖော်ပြသည်။
ကရိုင်းမီးယားပါလီမန်မှ
ထုတ်ပြန်သော ကြေညျာခက်တွင် ယူကရိန်းနိုင်ငံမှ ခွဲထွက်ရေးနှင့် ရုရှားနိုင်ငံနှင့် ပူးပေါင်းရေးအဆိုကို
ထောက်ခံသူ ၉၇ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း၊ ကရိုင်းမီးယားဒေသကို လွတ်လပ်သော ဒေသအဖြစ်
ကြေညာကြောင်း၊ ယူကရိန်းဥပဒေများနှင့် အုပ်ချုပ်ရေးစနစ်များကို ကျင့်သုံးတော့မည်မဟုတ်ကြောင်း
ဖော်ပြထားသည်။ ရုရှားအောက်လွှတ်တော်သည် ကရိုင်းမီးယားဒေသ ရုရှားနိုင်ငံနှင့် ပူးပေါင်းရေးဥပဒေမူကြမ်းကို
ဆွေးနွေးလျက်ရှိပြီး ယခုလကုန်ပိုင်းတွင် အတည်ပြု ဖွယ်ရှိသည်ဟု သိရသည်။ သို့သော် ကရိုင်းမီးယားဒေသတွင်
နေထိုင်လျက်ရှိသော လူဦးရေ၏ ၁၂ ရာခိုင်နှုန်းခန့်ရှိသော တာတာလူမျိုးစုများကမူ ရုရှားနိုင်ငံနှင့်
ပူးပေါင်းရေးကို ကန့်ကွက်လျက်ရှိသည်ဟု ဘီဘီစီက ဖော်ပြသည်။ တာတာလူမျိုးစုများသည် ဆိုဗီယက်ခေါင်းဆောင်ဟောင်း
ဂျိုးဇက်စတာလင်၏ အတင်းအကျပ်ရွှေ့ပြောင်းမှုကြောင့် ၁၉၄၄ ခုနှစ်တွင် ကရိုင်းမီးယားဒေသသို့
ရောက်ရှိလာသူများဖြစ် သည်ဟု သိရသည်။
No comments:
Post a Comment