Wednesday, March 26, 2014


ယူကရိန်း ပဋိပက္ခ ပိုမို မြင့်မားလာပါက ရုရှားအပေါ် ပိတ်ဆို့မှုများ ထပ်မံ ချမှတ်မည်ဟု G 7 အဖွဲ့ သတိပေး ပြောကြား
ခရိုင်းမီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို သိမ်းပိုက်ပြီး နောက်တွင်ယူကရိန်းနိုင်ငံကို ပြိုကွဲစေမည့် လှုပ်ရှားမှုများထပ်မံ လုပ်ဆောင်ခဲ့ပါက ရုရှားနိုင်ငံ အနေဖြင့် ပိုမိုတင်းကျပ်သည့် စီးပွားရေး ပိတ်ဆို့မှုများနှင့် ကြုံတွေ့ရလိမ့်မည် ဖြစ်ကြောင်း G 7 စက်မှုအင်အားကြီး နိုင်ငံများက သတိပေး ပြောကြားခဲ့သည်ဟု မတ် ၂၄ ရက်က အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ G 7 အဖွဲ့မှ ခေါင်းဆောင်များသည် ရုရှားနိုင်ငံ ဆိုချီမြို့တွင် ပြုလုပ်မည့် G 8 ဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့ပြီးနောက် ရုရှားနိုင်ငံ မပါဝင်သော ၎င်းတို့၏ ထိပ်သီး ဆွေးနွေးပွဲကို ကျင်းပရန် သဘော တူညီခဲ့ကြပြီး ယူကရိန်း အရေးတွင် ရုရှားနိုင်ငံ ဘက်မှ ပြောင်းလဲမှုများ ပြုလုပ်မည့်အ ချိန်အထိ G 8  အဖွဲ့မှ ရုရှားကို ထုတ်ပယ်ရန် သဘောတူညီ ခဲ့ကြသည်ဟု သိရသည်။
ရုရှား တပ်ဖွဲ့ဝင်များသည် ခရိုင်းမီးယား ဒေသအတွင်းရှိ ယူကရိန်းရေတပ် အခြေစိုက်စခန်း တစ်ခုနှင့် ဆိပ်ကမ်းကပ် သင်္ဘောတစ်စင်းတို့ကို သိမ်းပိုက်ခဲ့ကြပြီး ယူကရိန်း အစိုးရဘက်မှလည်း ခရိုင်းမီးယား ဒေသ အတွင်း၌ ဆက်လက် ကျန်ရှိနေသေးသည့် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ဆုတ်ခွာရန် အမိန့်ပေးထားကြောင်း သိရသည်။


No comments:

Post a Comment

back to top