Tuesday, April 1, 2014

ကျုံးရေသုံးစွဲ၍ ရေပက်ကစားခြင်း မြို့တော်စည်ပင် သို့ လျှောက်ထားနိုင်

မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ကျုံးဘေးပတ်လည်မြို့တွင်း ကျုံးရေကန်များနှင့် အောင်မြေသာဇံ မြို့နယ် ၅၇ လမ်းနှင့် ၆၆ လမ်းကြား  ကျုံးရေသွင်းမြောင်း တစ်လျှောက်နှင့် ရပ်ကွက်တွင်းရှိ ကျုံးရေ ကန်များ မှ ရေစုပ် စက်ဖြင့် ကျုံးရေသုံးစွဲ၍ ရေပက်ကစားခြင်းများ အတွက် ရေစုပ်စက် တစ်လုံးလျှင်ငွေ ကျပ် တစ်သိန်းပေးသွင်း၍ ကျုံးရေသုံးစွဲခွင့်ကို  မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းမှုဌာနသို့ ဧပြီ ၁ ရက်မှ ၈ ရက်အတွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
ကျုံးရေသုံးစွဲခွင့်မရှိဘဲ ရေစုပ်စက်အသုံးပြု၍ ရေကစားသည်ကို တွေ့ရှိပါက ဒဏ်ငွေပေးဆောင် စေခြင်း အပြင် ရေစုပ်စက် သိမ်းဆည်းခြင်း ခံရမည်ဖြစ်သည်။ မီးသတ်ရေငုတ် (Fire Hydrant) များမှ ရေကို အသုံးပြု၍ ရေကစားခြင်းကို လုံးဝမပြု လုပ်ရန်နှင့် သုံးစွဲကြောင်း စစ်ဆေးတွေ့ရှိပါက မန္တလေးမြို့တော် စည်ပင် သာယာရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top