Wednesday, February 26, 2014

UOB ဘဏ်ကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမိတ်ဖက်များရှာဖွေပေးမည်
 
မြန်မာနိုင်ငံ၏စွမ်းအင်၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မိတ် ဖက်သစ်များ ရှာဖွေပေးသွားမည် ဟု စင်ကာပူအခြေစိုက် United Overseas Bank (UOB) မှ ဒါရိုက်တာ Mr. Frederick Chin က နေပြည်တော် သင်္ဂဟဟိုတယ်၌ ယမန်နေ့ကပြုလုပ်သည့် မွန်ပြည် နယ်တွင် သဘာဝဓာတ်ငွေ့ ဓာတ် အားပေးစက်ရုံတည်ဆောက်ခြင်း ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ အပါအဝင် စွမ်းအင်ကဏ္ဍများတွင် UOB ဘဏ်၏ အဓိကဖောက် သည်များက လုပ်ငန်းလိုင်စင်ရရှိပြီး ဖြစ်ရာ အခြားသော ရင်းနှီးမြှုပ်နှံ သူများအား ဆက်လက်ဖိတ်ခေါ် သွားမည်ဟုသိရသည်။

''စင်ကာပူအခြေစိုက်လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး ကုမ္ပဏီကသန်း၁ဝဝတန် သဘာဝ ဓာတ်ငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံ နဲ့ အမေရိကန်အခြေစိုက်ကုမ္ပဏီက ဒေါ်လာသန်း ၈ဝတန် စက်ရုံတစ်ခု ပါ''ဟု ၄င်းကပြောသည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံ များအပါအဝင် အခြားရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသော နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများတွင်လည်း UOB ဘဏ်၏မိတ်ဖက်များပါဝင် လျက်ရှိကြောင်းသိရသည်။

၂ဝ၁၅ ခုနှစ်အကုန်တွင် အပြီး တည်ဆောက်မည့် စင်ကာပူအခြေ စိုက် Asiatech Energy ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံ ကိန်းတွင် UOB ဘဏ်က ချေးငွေ များ ပေးအပ်ခဲ့ကြောင်းသိရသည်။

''ကျွန်တော့်ကိုဘဏ်ကရှာဖွေ ပေးတဲ့ မိတ်ဖက်တွေရဲ့ ရင်းနှီးမြှုပ် နှံမှုမှာ ချေးငွေတွေကိုပါပေးအပ် သွားပါ့မယ်''ဟု နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အမှုဆောင်ဒါရိုက် တာ Mr. San Cheong ကပြော သည်။

UOB ဘဏ်သည် အာဆီယံ ဒေသတွင်း၌ ငွေကြေးဆိုင်ရာ အင်အားကြီးမားသော ဘဏ်တစ်ခု ဖြစ် ရာ မြန်မာပြည်တွင်း၌ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် စောင့်ဆိုင်းလျက် ရှိကြောင်း သိရသည်။

ဗဟိုဘဏ်၏ ထုတ်ပြန်ချက် များအရ ကိုယ်စားလှယ်ရုံးခွဲပေါင်း ၂ဝ ခန့် နိုင်ငံတကာ ဘဏ်များ က ပြည်တွင်း၌လာရောက်ဖွင့်လှစ်ထား သော်လည်း ယနေ့အချိန်အထိ လုပ်ငန်းလုပ်ကိုင် ခွင့်စောင့် ဆိုင်းနေဆဲဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

back to top