Wednesday, February 26, 2014

ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေကန်ဒေါ်လာသန်း၈ဝဖြင့်ပြည်နယ်၊တိုင်းဒေသ ကြီးများနှင့်နေပြည်တော်ကောင် စီ  ၁၅နေရာ၌ ငါးနှစ်အတွင်း လူထုအခြေပြုဖွံ့ဖြိုးရေး ဆောင်ရွက်မည်

မြန်မာနိုင်ငံ၏လူထုအခြေပြုအမျိုးသားစီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ကမ္ဘာ့ဘဏ်ကပေးသော အမေရိကန်ဒေါ်လာသန်း၈ဝဖြင့် ပြည်နယ်၊တိုင်းဒေသကြီးများရှိမြို့နယ်များနှင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် နေရာ ၁၅ခုတို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ငါးနှစ်ကာလစီ မံ ချက်ဖြင့် ရေးဆွဲဆောင် ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါ်လဲ့လဲ့သိန်းက ယမန်နေ့အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ပြောကြားခဲ့သည်။

ထိုသို့ လူထုအခြေပြုဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်မည့်လုပ်ငန်း အနေအထားမှာ ဒေသအလိုက် လိုအပ်ချက်ဖြစ်သည့် ကျေးလက်ဆေးပေးခန်းများ၊ ကျန်းမာရေးဌာန များမွမ်းမံပေးခြင်းနှင့်အသေးစား တိုးချဲ့ဆောက်လုပ်ခြင်း၊ စာသင် ကျောင်းများ ပြုပြင်မွမ်းမံခြင်းနှင့် အသေးစားတိုးချဲ့ဆောက် လုပ်ခြင်း၊ ကျေးလက် လမ်းတံတားများ တည် ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ရေတွင်းများနှင့် မိုးရေလှောင်ကန် များ ဆောင်ရွက်ပေးခြင်းတို့ဖြစ် ကြောင်းသိရသည်။
ထို့အပြင်နေရောင်ခြည်စွမ်းအင်သုံး၊ဇီဝလောင်စာသုံးနှင့်ဒီဇယ်ဆီသုံးကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊စာကြည့် တိုက်၊ ဆက်သွယ်ရေးစခန်း၊ နေ့ကလေး ထိန်းဌာနစသည့်ပြည်သူ့အဆောက် အအုံများပြုပြင်ခြင်းနှင့် တိုးချဲ့ဆောင် များဆောက်လုပ်ပေးခြင်း ၊ကျေးလက် ဈေးများ၊အသေးစား ဆည်များ ဆောက်လုပ်ခြင်းစ သည့်ကဏ္ဍများ အား ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများကို လူထု အခြေပြုဖွံ့ဖြိုးရေးနည်းလမ်းများ (People Centre Approach) ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းဆောင်ရွက်ချက် များကို ယခုဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်မှ မြို့နှစ်မြို့နှင့် ရှမ်း ပြည်နယ်တွင်တစ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီး ကျွန်းစုမြို့နယ်တို့ တွင်ဆောင်ရွက်ခဲ့ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို့ တွင်ဆောင်ရွက်သွားမည်ဖြစ်သည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ နေပြည်တော်ကောင်စီ နယ်မြေနှင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်တို့ မှ မြို့နယ်အလိုက်ကျေးရွာအုပ်စု အားလုံးတွင် ကျန်ရှိဘဏ္ဍာရေးနှစ် သုံးနှစ်တာကာလအတွင်းအကောင် အထည်ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။

ယင်းစီမံကိန်းများက ဆင်းရဲ နွမ်းပါးသော ကျေးလက်နေလူထု များ၏ အခြေခံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက် ရိုက်အကျိုးပြုမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးကပြောသည်။

No comments:

Post a Comment

back to top