Wednesday, February 26, 2014

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်တဲ့ ပြည်တွင်း မိုးလေ၀သအခြေအနေ

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလား ပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။ဒီကနေ့ညနေအထိ ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ အများ အားဖြင့်သာယာပါမယ်။
မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိပါမယ်။နောက်(၂)ရက်အတွက် ခန့်မှန်းချက်ကတော့ တစ်ပြည် လုံးမှာ အများအားဖြင့် သာယာပါမယ်။နေပြည်တော်နဲ့ အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေ အထိခန့်မှန်းချက်ကတော့ သာယာပါမယ်။ 
ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်နဲ့ မန္တလေးမြို့နဲ့အနီး တစ်ဝိုက်တို့အတွက် ဒီကနေ့ညနေအထိ ခန့်မှန်းချက် ကတော့ အများအားဖြင့် သာယာပါမယ်။

No comments:

Post a Comment

back to top