Friday, February 28, 2014


ပဲခူး(အရှေ့) ပြည်ခိုင်ဖြိုးပါတီ ရေရှည် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်း ဖော်ဆောင်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၁၄) သင်တန်းဆင်းပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး (အရှေ့)ပိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ် သည့် ရေရှည် ဖွံ့ဖြိုးတိုး တက်သော လူ့အဖွဲ့ အစည်း ဖော်ဆောင်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၁၄) သင်တန်းဆင်းပွဲ ကို ဖေဖော်ဝါရီလ (၂၈) ရက် နံနက် ၈း၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဥာဏ်ဝင်းမှ သင်တန်းဆင်း အမှာ စကားပြောကြားခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၊ ပဲခူး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ မြို့နယ် ကော်မတီဝင်များ၊ သင်တန်း နည်းပြဆရာများ သင်တန်းသား သင်တန်းသူများ တက်ရောက် ခဲ့ကြသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် သင်တန်းသားသင်တန်းသူများကို သင်တန်း ဆင်းလက်မှတ်များ ပေးအပ် ခဲ့ပြီး၊ ဆုရရှိသူများကို ပဲခူးတိုင်းဒေသကြီး ဦးဥာဏ်ဝင်း နှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ တို့မှ ဆုများ ချီးမြှင့်ပေးခဲ့ပြီးရာ သင်တန်းသား သင်တန်းသူများထဲမှ အမျိုးသား သင်တန်း သားတစ်ဦး နှင့် အမျိုးသမီး သင်တန်းသူ နှစ်ဦး တို့မှ ကျေးဇူးတင် စကား ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနား နံနက် (၁၁း၀၀) နာရီ တွင် အောင်မြင်စွာဖြင့် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
PhotoPhoto
Photo

No comments:

Post a Comment

back to top